AD
AD
AD
play

 

ဒီနေ့(မေလ၂၄ရက်)လေးဟာ သရုပ်ဆောင် ပန်းဖြူနဲ့ ခင်ပွန်းဖြစ်သူ လူမင်း(Steve Batu) တို့ရဲ့ အိမ်ထောင်သက်တမ်း ငါးနှစ်ပြည့်သွားတဲ့ နေ့လေးပါ။  သူတို့နှစ်ယောက်ဟာ ၂၀၁၃ခုနှစ် မေလ(၂၄)ရက်နေ့က သြစတြေးလျမှာရှိတဲ့ Parramatta marriage registry မှာ မင်္ဂလာလက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

မင်္ဂလာသက်တမ်း (၅)နှစ်ပြည့်တဲ့နေ့လေးမှာလည်း ခင်ပွန်းဖြစ်သူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာကော ပန်းဖြူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာပါ လက်မှတ်ထိုးတုန်းက ပုံလေးတွေကို ပြန်တင်ခဲ့ပါတယ်။

play

 

သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် နေ့လေးကိုလည်း ပရိသတ်တွေက ဆုတွေ တောင်းပေးထားကြပါသေးတယ်။အနုပညာလောကနဲ့ (၆)နှစ်ကြာ ဝေးကွာနေပေမယ့် ပန်းဖြူဆိုတဲ့ သူမကို ပရိသတ်တွေက အခုထိ ချစ်ဆဲပါပဲ။

သူမရဲ့ လှုပ်ရှားမှုလေးတွေကို သူမသုံးတဲ့ ဖေ့စ်ဘွတ်ပေါ် အမြဲတင်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်လုပ်လျက် ရှိပါတယ်။ အနုပညာအလုပ် တွေနဲ့ ဝေးကွာနေတဲ့ သူမကိုလည်း အနုပညာအလုပ်တွေပြန်လုပ်ဖို့ ပရိသတ်တွေတောင်းဆိုနေကြတာတွေလည်း ရှိပါတယ်။

play

 

အနုပညာအလုပ်တွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ သူမက ပထမဆုံးအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။အဲ့ဒီဇာတ်ကားကြီးက

ဂယက်တွေပါဟယ် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ အဲ့ဒီကားမှာသရုပ်ဆောင် လူမင်း၊ ခန့်စည်သူ၊ ဖြိုးငွေစိုး၊ ဆန်းထွဋ်၊ ခိုင်သင်းကြည်၊ ပန်းဖြူ ၊ Smile ၊ ကြည်လဲ့လဲ့ဦး၊ ဖူးပွင့်သခင် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

 

ပန်းဖြူကေ တာ့ ၁၉၉၇ ခုနှစ်က အရိပ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

 

Photo : ပန်းဖြူ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD