AD
AD
AD
play

 

အဆိုတော် ပိုးမီတစ်ယောက် အနုပညာနဲ့ပတ်သက်လို့ ဂီတလောကမှာ အောင်မြင်အောင် ကြိုးစားနေရတဲ့ သူ့အနေနဲ့ ဖေးမကူညီမယ့် သူမရှိတဲ့ ဘဝမှာ တစ်ယောက်တည်းပြန်ထနိုင်အောင် ကြိုးစားတတ်လာပြီဆိုပြီးတော့ သူ့ရဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်ထားပါတယ်။

''အနားမှာ တစ်ယောက်မှ မရှိလည်း ကိုယ်သွားရမယ့် လမ်းပေါ် တစ်ယောက်တည်း လျှောက်တတ်လာတယ်။ ဖေးကူထူမမယ့်သူ မရှိလည်း 
လဲကျနေရာကနေ တစ်ယောက်တည်း ပြန်ထနိုင်အောင် ကြိုးစားတတ်လာတယ်။  ခံစားချက်တွေ များလာတဲ့အခါ ပြောပြရင်ဖွင့်စရာ အခွင့်အရေး မရှိလည်း သိုသိပ်စွာ မျိုသိပ်တတ်လာတယ်။ ဒါပါပဲ.. တကယ်တော့ ဘဝဆိုတာ မနေတတ်ပေမဲ့လည်း နေတတ်အောင် နေရတာပါပဲလေ'' လို့ ပိုးမီက မေလ ၂၄ ရက်နေ့က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

ပိုးမီဟာ Myanmar idol Season 2 သီချင်းဆိုပြိုင်ပွဲကနေစပြီး ဂီတလောကထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။ ပြိုင်ပွဲပြိုင်နေစဉ် အတွင်း မှာလည်း နိုင်ငံခြားသားတစ်ဦးနဲ့အတူ ထိုင်နေတဲ့ ပိုးမီဟာ ဓာတ်ပုံဟာ အွန်လိုင်းမှာ ပြန့်ခဲ့ပြီး အဲ့ဒီဓာတ်ပုံကို တင်သူကတော့ ကေတီဗီတွင် အလုပ်လုပ်ကာ နိုင်ငံခြားသားများနဲ့  ပတ်သက်မှုရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ခံခဲ့ရဖူးပါတယ်။ အဲ့ဒီဝေဖန်မှုတွေထဲကနေ ကိုယ့်လိပ်ပြာ ကိုယ်လုံစွာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပိုးမီဟာ Myanmar idol Season 2 ရဲ့ သီချင်းဆိုပြိုင်ပွဲမှာ တတိယဆုကို ရရှိခဲ့ပါတယ်။

play

 

သီချင်းဆိုပြိုင်ပွဲကြီး ပြီးသွားတဲ့နောက်မှာလည်း ပိုးမီဟာ နောက်ထပ်...တစ်ယောက်မရှိဆိုတဲ့ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးကို ၂၀၁၈ ခုနှစ် မတ်လ အတွင်းကထွက်ရှိခဲ့ပါတယ်။ အခက်အခဲတွေအများကြီးနဲ့ ကြိုးစားခဲ့ရတဲ့ တစ်ကိုယ်တော်အခွေထဲက သီချင်းတွေကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါတယ်။ အခွေလေးထဲက အလိုက်တသိ ဆိုတဲ့ သီချင်းလေးကတော့ လူငယ်တိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သီချင်းလေး လို့လည်းပြောလို့ရပါတယ်။

Photo: ပိုးမီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD