AD
AD
AD
play

 

လရိပ် သီချင်းနဲ့ အောင်မြင်ခဲ့တဲ့ အဆိုတော် ဖြိုးပြည့်စုံအတွက် ဒီနေ့ မေလ ၃၁ ရက်နေ့ကတော့ မမေ့နိုင်စရာနေ့ တစ်နေ့ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီနေ့ဟာ သူ့ရဲ့ အမေကွယ်လွန်ခဲ့တာ ၈ နှစ်ပြည့်ပြီလို့ သိရပါတယ်။ မိခင်ဖြစ်သူကို တစ်လနဲ့ ၁၃ ရက် ကိုယ်တိုင်ကိုယ်ကျ ပြုစုခွင့်ရခဲ့တဲ့ သူ့ရင်ထဲက ခံစားချက်လေးတွေကိုလည်း အခုလိုပြောပြထားတာကို တွေ့ရပါတယ်။

''၈နှစ်ဆိုတာလည်း ခဏလေးပါပဲလား။ 2010 , April 17 နှစ်ဆန်း ၁ရက်နေ့ မှာကျွန်တော့် အမေ ဆေးရုံတင်ရတယ်။ May 31 မှာ ဆုံးပါတယ် ။ တစ်လ နဲ့  ၁၃ ရက် အမေ့ကို နီးနီးကပ် စိတ်ရောကိုယ်ပါ ပြုစုခွင့်ရတယ်'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

မိခင်ကွယ်လွန်သွားတာ ၈ နှစ်ပြည့် အမှတ်တရအနေနဲ့ သူ့ရဲ့ဖေ့စ်ဘွတ် Cover Photo ကိုလည်း အမေ့ပုံပြောင်းပြီး RIP Mom လို့ ရေးသားထားပါတယ်။   အခုလက်ရှိမှာတော့ ဖြိုးပြည့်စုံဟာ သူလေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဖခင်ဦးမင်းခိုင် နဲ့အတူ နေထိုင်တယ်လို့ သိရပါတယ်။

play

 

ဖြိုးပြည့်စုံဟာ အလေးစားရဆုံးပုဂ္ဂိုလ်ကြီးတွေ ရှိတဲ့အထဲကမှ အနီးဆုံးမှာရှိတဲ့ ဖခင်ကို အလေးစားဆုံးပါပဲလို့ ဆိုပါတယ်။ သူ့ရဲ့ ဖခင်ဆီကနေလည်း အတုယူရတာတွေ အများကြီးရှိတယ်လို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

'' အဖေက အဓိကတော့ သူ ဘဝမှာအမှားတွေလုပ်ခဲ့ဖူးတယ် တစ်ခါ လဲပြီးပြန်ထတယ်ပေါ့နော်။ Perfcet မဟုတ်ခဲ့ဘူးဆိုတော့ ဒါတွေ က အစ်ကိုတို့ကိုရှေ့မှာဘာပြခဲ့သလဲဆိုတော့ လူဆိုတာအမြဲတမ်း ပြီးပြည့်စုံတယ်ဆိုတာမရှိဘူး လဲကျမှာပဲ။ ပြီးရင်ပြန်ထ၊ အမှားကို သိပြီး အမှန် ကိုပြန်ပြင်နိုင်တဲ့ နည်းလမ်းက အကောင်းဆုံးဆိုတာကို အဖေက မပြောပဲနဲ့ပြသွားတာပေါ့နော်။ ဒီအချက်တွေကို အဖေ့ ဆီက အများ ကြီး အတုယူရပါတယ်။အစ်ကိုတို့အတွက် အကောင်းဆုံး အဖေဆိုတဲ့နေရာကနေ ရပ်တည်နေပါတယ်"ဆိုပြီးတော့ ပြောပြခဲ့တာပါ။

play

 

အဆိုတော်ဖြိုးပြည့်စုံဟာ ဂီတလောကထဲကို Melody World 2010 သီချင်းဆိုပြိုင်ပွဲကနေတဆင့် စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက်မှာ အွန်လိုင်းပေါ်ကနေ သီချင်းလေးတွေကို မိတ်ဆက်ပေးခဲ့ပြီး ''သိမ်းထားတဲ့ အချစ်'' ၊ '' လရိပ်'' ၊ ''မျှော်နိုင်သမျှ'' စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်ကြားမှာ ရေးပန်းစားခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ မျှော်နိုင်သမျှ Audio CD ကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဒုတိယမြောက်အခွေကိုတော့ ပြင်ဆင်နေတုန်းပဲလို့ ဆိုပါတယ်။

 

Photo: ဖြိုးပြည့်စုံဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD