AD
AD
AD
play

 

ကျားအစစ်တွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကို ရုံအမြန်တင်ခွင့်ရချင်နေပြီလို့ ခွန်းဆင့်နေခြည်က ဆိုပါတယ်။ ဆင်ဆာကျတာလည်း ကြာနေပြီဖြစ်သလို ရုံတင်ဖို့လည်းအရုပ်တွေအသံတွေ အားလုံးကောင်းမွန်စွာလုပ်ထားပြီးတာကြောင့် ရုံတင်ချင်နေပြီလို့ သရုပ်ဆောင် ခွန်းဆင့်နေခြည်က ပြောပါတယ်။

"ဆင်ဆာကျထားတာလည်းကြာပါပြီ ရုံတင်ဖို့လည်းအရုပ်တွေအသံတွေ အားလုံးကောင်းမွန်စွာလုပ်ထားပြီးပါပြီ။ ပရိသတ်တွေကလည်းကြည့်ချင်လို့ ခဏခဏမေးနေကြပါပြီ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေရဲ့ ထပ်မံတောင်းဆိုမှုတွေနဲ့အတူ ရုံအမြန်တင်ခွင့်ရချင်ပါတယ်ရှင့်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၃၀)ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။

play

 

ကျောက်ဆူးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ မှော်ဝင်သမန်းကျားဟာ  ပရိသတ်တွေ တောင့်တနေတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ကျားအစစ်တွေနဲ့ ပုံဖော်ထားတဲ့ အဲ့ဒီဇာတ်ကားဟာ ဇာတ်ကားနမူနာ မထွက်ခင်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာပါ။ ယင်းရုပ်ရှင်ဇာတ်ကားကို ရုံတင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အဲ့ဒီ အခက်အခဲပေါင်းများစွာကို သူမကျော်ဖြတ်နိုင်ခဲ့ပါပြီတဲ့။

play

 

မှော်ဝင်သမန်းကျား နမူနာ အပိုင်း (၁) က မေလ(၂၅)ရက်နေ့က ထွက်ရှိထားပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးပုံဖော်ထားတဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားမှာဆိုရင် ရန်အောင်၊ မင်းမော်ကွန်း၊သူထူးစံ၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခွန်းဆင့်နေခြည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်ဟာ လက်ရှိမှာ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကား ရုံတင်ဖို့အတွက် လုံးပန်းလျက် ရှိပါတယ်။

play

 

ခွန်းဆင့်နေခြည် ရိုက်ကူးထားတဲ့ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ ၊ မိုင်တိုင် ၇၆ ဇာတ်ကားများဟာ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်ဟာ သရုပ်ဆောင် ဦးကျော်ဟိန်းရဲ့ သွန်သင်မှုများနဲ့အတူ အနုပညာလောကထဲကို ထဲထဲဝင်ဝင်ခြေချခွင့်ရခဲ့သူပါ။ သူမဟာ အခုလက်ရှိမှာ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ပေမယ့် နောက်ပိုင်း ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် ဇာတ်တွေ ရွေးနေတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောပြခဲ့ဖူးပါတယ်။

ခွန်းဆင့်နေခြည်က သရုပ်ဆောင်ဘက်မှာသာမက စာလာလာမဖတ်နဲ့ တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် မင်းသမီး ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အတွက်လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေခံစားရဦးမှာလည်း ဖြစ်ပါတယ်။

Photo :  ခွန်းဆင့်နေခြည်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD