AD
AD
AD
play

 

အဆိုတော် နန်းသူဇာနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့က နှစ်ယောက်အတူတူ သီလရှင်ဝတ်မယ်လို့ သိရပါတယ်။ ဇွန်လ(၂)ရက်နေ့မှာ ကျရောက်တဲ့ နန်းမြတ်ဖြိုးသင်းရဲ့ မွေးနေ့အတွက် အမှတ်တရအနေနဲ့ ဇွန်လ (၁) ရက်နေ့ကတည်းက သီလရှင်ဝတ်မယ်လို့ ဆိုပါတယ်။

play
Photo : နန်းမြတ်ဖြိုးသင်း FB

 

"သန်ဘက်ခါမွေးနေ့အတွက်နက်ဖြန်ကစသီလရှင်ဝတ်ပါမယ် ။ ခုချိန်ရင်ထဲမှာကြိုပီးပီတိတွေလဲဖြစ်နေတယ်။ ၅တန်းတုန်းကတစ်ခါပဲ ဝတ်ဖူးတယ်လေ။ ခုနောက်တခါဝတ်ရမယ်ဆိုတော့အရမ်းဝမ်းသာပီတိဖြစ်နေရတယ်။ မွေးနေ့၂ရက်နေ့(သောကြာနေ့)မှာလဲမှော်ဘီ အောင်ဇဗ္ဗူဘုန်းဘုန်းကျောင်းမှာ ဆွမ်းလဲကပ်မယ် ။စတုဒီသာလဲကျွေးမှာဖြစ်တဲ့ အတွက်ကြုံကြိုက်လို့ ဘုရားဖူးလာဖို့ရှိတယ် ဆိုလဲ နန်းမြတ်ရှိနေပါတယ်နော်" လို့ နန်းမြတ်က (မေလ၃၁ရက်) မှာ ဖေ့စ်ဘွတ်မှာ ရေးသားပြီး ပရိသတ်ကို အသိပေးခဲ့ပါတယ်။

သူမနဲ့အတူတူ သူငယ်ချင်းဖြစ်တဲ့ နန်းသူဇာက သီလရှင်ဝတ်မှာ ဖြစ်သလို ခင်ပွန်းဖြစ်သူကလည်း ဘုန်းကြီး ဝတ်မယ်လို့ ဆိုပါတယ်။

"ပါရမီဖြည့်ဖက်ကြီး ယောက်ျားကလည်း ဘုန်းကြီးဝတ်မယ်။ နန်းမြတ်နဲ့အတူ သီလရှင်ဝတ်ပေးမယ့် သူငယ်ချင်းလေး Nann Thuzar ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒီဘဝမှာ ရေစက်ဆုံလို့ အခွေတွေအတူလုပ်၊ ခရီးတွေအတူသွားခဲ့ကြရတယ် အခုအလှူပါ အတူလုပ်မယ် ဆိုတော့ နောက်ဘဝရှိရင်လည်း ထပ်ဆုံကြရမှာ။ သမီးမိန်းကလေးချည်းပဲ မွေးထားတဲ့ ဖေဖေနဲ့မေမေလဲ သားယောက်ျားလေးလောက် ကုသိုလ်မဟုတ်ပေမယ့် သမီးမိန်းကလေးသာသနာ့ ဘောင်ဝင်တဲ့ ကုသိုလ်လဲတမျိုးထူးမယ်လို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ခုတော့အရင်တုန်းကဓာတ်ပုံလေးတွေကြည့်ရင်းနက်ဖြန်ရမယ့်ကုသိုလ်အတွက်ကြည်နူးနေတယ်" ဆိုပြီး သူမက ပြောထားပါတယ်။

play
Photo : နန်းမြတ်ဖြိုးသင်း FB

 

နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ဟာ သီလရှင် မဝတ်ခင် ရက်ပိုင်းလေးမှာ ဆံပင်တွေ ညှပ်ခဲ့ကြပါသေးတယ်။ နန်းမြတ်ဖြိုးသင်းက မေလ(၂၇) ရက်နေ့က ဆံပင်အတိုညှပ်လိုက်တာ ဖြစ်ပြီး နန်းသူဇာက မေလ(၂၉)ရက်နေ့က ဆံပင်တစ်ချမ်းကို ရှိတ်ထိုးခဲ့တာပါ။

play
Photo : နန်းသူဇာ

 

နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ သူငယ်ချင်းနှစ်ယောက်ဟာ နယ်ပယ်တစ်ခုစီမှာ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ နန်းသူဇာ ဟာ ဂီတဘက်မှာ ပရိသတ်အားပေးမှု ရရှိနေသူ တစ်ဦးဖြစ်ပြီး နန်းမြတ်ဖြိုးသင်းက ဂီတပိုင်းနဲ့စတင်ခဲ့ပေမဲ့ အခုဆိုရင် ပရိသတ်အားပေးမှု အခိုင်အမာရရှိနေတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့နေပါပြီ။ သူတို့နှစ်ဦး အတူတူသီဆိုထားတဲ့ "Friend" ဆိုတဲ့ သီချင်းခွေဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သီချင်းခွေဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD