AD
AD
AD
play
ကျော်ရှိန်းနဲ့ ပပဝင်းခင်တို့ မောင်နှမနှစ်ယောက် (Photo: ပပဝင်းခင်)

 

သရုပ်ဆောင် ပပဝင်းခင်တို့ မိသားစုက ဥမ္မာဒန္တီတည်ထားကိုးကွယ်ခဲ့တဲ့ "အနန္တဇိနအေးစူဠာမဏိစေတီတော်" ရွှေထီးတော်၊ စိန်ဖူးတော်နဲ့ အရံစေတီတော်တစ်ဆူတို့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒီအလှူဒါနကို ပပဝင်းခင်က ပရိသတ်တွေလည်း ထပ်တူကုသိုလ် များနိုင်ဖို့ အလှူအကြောင်းနဲ့ ဓာတ်ပုံလေးတွေကို ဖေ့စ်ဘွတ်မှာ တင်ပေးခဲ့တာ ဖြစ်ပါတယ်။

play
Photo : ပပဝင်းခင်

 

"ဟင်္သာတမြို့ ဆင်မသေရွာတွင် ဥမ္မာဒန္ဒီ တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းဘုရား " အနန္တဇိနအေးစူဠာမဏိစေတီတော် " ရွှေထီးတော် စိန်ဖူးတော် ထီးတင်ပွဲ, အရံစေတီတော်တစ်ဆူ ပပတို့ မိသားစု ပါဝင်လှူဒါန်းခဲ့ပါတယ် , ဒီထက်မက များစွာသောသာသနာပြုခွင့်ရပါစေ...      

ချစ်ပရိသတ်များ ပပတို့မိသားစုနှင့် ထပ်တူကုသိုလ်များရကြပါစေ    

အေးချမ်းမှုနိမိတ် မိုးရေဖွဲဖွဲ ထီးတော်တင်ပွဲ" လို့ ပပဝင်းခင်ကမေလ ၃၁ ရက်နေ့က ရေးသားခဲ့ပါတယ်။

play
Photo : ပပဝင်းခင်

 

ပပဝင်းခင်နဲ့ အစ်ကိုဖြစ်သူ ကျော်ရှိန်းတို့က သရုပ်ဆောင်အလုပ်တွေကို ရပ်နားထားပြီး မိသားစုစီးပွားရေးကိုပဲ ဝင်ရောက်ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD