AD
AD
AD
play
Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

အဆိုတော် ထူးအယ်လင်းက လှည်းကူးမြို့နယ်၊ ပဒဲကော ကျောက်အိုင်ကျေးရွာမှာရှိတဲ့ ကျိုက်ငွေနှောင်းစေတီတော်မြတ်ကြီးရဲ့ ဘုရားဝင်းအတွင်း သိမ်ကျောင်းဆောက်လုပ်လှူဒါန်းမှုမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီအလှူနဲ့ ပတ်သက်ပြီး ထူးအယ်လင်းက အလှူငွေတွေ ကောက် ခံပေးနေပါတယ်။

'' ကျိုက်ငွေနှောင်းဘုရားရဲ့ ပရဝံအတွင်းမှာ ဘုန်းကြီးကျောင်းတွေရှိတယ်၊ သီလရှင်ကျောင်းဆောင်တွေရှိတယ်။ ပြီးတော့ သိမ်ကျောင်းလေး ဆောက်နေတယ်။ အဲ့ဒါလေးကို လာကြည့်တာပါ။ ကျွန်တော်တို့တွေ တက်နိုင်သ၍ ဝိုင်းဝန်းကူညီကြဖို့အတွက် လှူဖို့နေရာကို အရင်လာပြီးကြည့်တာပါ။ မိတ်ဆွေများကိုလည်း အလှူပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ် ဆိုတာကို ဗုဒ္ဓဘာသာဆိုရင်တော့ ကျွန်တော်ပြောတဲ့ စကားကိုသိမှာပါ'' ဆိုပြီး ပြောထားတဲ့ ဗီဒီယိုဖိုင်ကို ဇွန်လ ၁ ရက်နေ့က ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

play
Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

သိမ်ကျောင်းဆောက်လုပ်တဲ့ နေရာမှာ ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်လိုက်တဲ့ ဗီဒီယိုဖိုင်လေးနဲ့ အတူ အခုလို စာသားလေးကိုလည်း ရေးသားခဲ့ ပါသေးတယ်။

''မင်္ဂလာပါဗျ။ လှည်းကူးမြို့နယ် ပဒဲကောကျောက်အိုင်ကျေးရွာမှာရှိတဲ့ ကျိုက်ငွေနှောင်းဘုရားဝင်းအတွင်းမှာ သိမ်ကျောင်း ဆောက်နေသောကြောင့် အုတ်တစ်ချပ် သဲတစ်ပွင့်တတ်နိုင်သလိုလှူဖို့ရာ သိမ်ကျောင်းဒကာ၊ ဒကာမများအား အကြောင်းကြားအပ်ပါတယ် ။ Video ရိုက်ကူးမှတ်တမ်း တင်ပေးတဲ့ ညီငယ် မန် စန် ကျေးဇူးပါပဲ'' လို့ ဆိုပါတယ်။

play
Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

ထူးအယ်လင်းဟာ မေလ ၂၈ ရက်နေ့တုန်းက တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ အရှေ့ဘက်မှာရှိတဲ့ ရှမ်းတကူဆိပ် ကျေးရွာ မှာရှိတဲ့  နာရေး ကူညီမှုအသင်း အတွက် လူနာတင်ယဉ်ကားတစ်စီး လှူဒါန်းခဲ့ပါသေးတယ်။ သူ့အနေနဲ့ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးအတွက် လှူဒါန်းဖို့ ရည်ရွယ်ချက်နဲ့ ဂီတသစ်ပင် လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD