AD
AD
AD
play
Photo: Smile Fb

 

သရုပ်ဆောင် စမိုင်းလ် တို့ဇနီးမောင်နှံကတော့ အခက်အခဲတွေကြားကနေ ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ရတဲ့ ၁၀ ရက်အဓိဋ္ဌာန် အောင်မြင်သွားပြီလို့ သိရပါတယ်။ သူတို့ ဇနီးမောင်နှံဟာ အဆင်မပြေခဲ့ချိန်တုန်းကလည်း ဘုရား၊ တရား မမေ့ခဲ့သလို အခုချိန်အထိလည်း ဘုရား၊တရား အဆက်မပြတ်လုပ်နေဆဲ၊ လုပ်နေတုန်းပါလို့ ဆိုပါတယ်။

''အဆင်မပြေတုန်းကလည်းဘုရားတရားမမေ့ခဲ့သလို အဆင်ပြေလာချိန်မှာလဲအချိန်ပေးပြီးလုပ်နေဆဲ လုပ်တုန်းပါ။ လူတိုင်းကံမကောင်း နိုင်သလို လူတိုင်းလည်းကံမဆိုးနိုင်ပါဘူး။ ဆိုးနေတဲ့ ကံကို ဘုရား၊ တရားများများလုပ်ရင်းပြင်လို့ရပါတယ်။ ဘာရယ်မဟုတ်ပါဘူး။ အခုအဓိဠာန်၁၀ရက်ဝင်နေတဲ့အချိန် လေကြီးမိုးကြီး သစ်ကိုင်းတွေကြွေကျနေတဲ့အချိန်မဖြစ်ဖြစ်အောင်ကြိုးစားပြီး ဘုရားတက် ပုတီးစိတ် ဖြစ်တာလေးတင်ရင်းစဉ်းစားမိလို့ပါ။ အခက်အခဲဆိုတာရှိမှ ပိုကြိုးစားချင်တဲ့စိတ်ရှိမှာ ဒီနေ့တော့ ၁၀ရက်အဓိဠာန်အောင်မြင်သွားပြီ'' ဆိုပြီးတော့ မေလ ၃၁ ရက်နေ့ ည ၁၀ နာရီက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

play
Photo: Smile Fb

 

သရုပ်ဆောင် စမိုင်းလ် တစ်ယောက်ကတော့ သူတို့အခုလို ချမ်းချမ်းသာသာနေနိုင်တာ ဘုရား၊ တရားမပြတ်လုပ်လို့ပါတဲ့။ သူတို့ဇနီးမောင်နှံ နှစ်ယောက်ဟာ ရုန်းကန်ကြိုးစားလာပြီး ဘဝကို တဆင့်ခြင်းဖြတ်ကျော်ခဲ့ရင်း ချမ်းသာလာခဲ့ရတယ်လို့ ဆိုပါတယ်။  ချမ်းသာဖို့အတွက် အဆင်ပြေ ရုံနဲ့ မရဘူး ကံကောင်းဖို့အတွက် ဘုရား၊တရားလုပ်ရတယ်ဆိုပြီးတော့ အခုလိုပြောပြထားပါသေးတယ်။

''ကျွန်မတို့လင်မယားက ဘဝကိုရုန်းကန်ပြီးမှ ဒီလိုအခြေအနေကိုရောက်လာတာပါ။ ဝုန်းကနဲတောက်တဲ့ ကောက်ရိုးမီးလို ချက်ချင်း ဖြစ်လာတာမဟုတ်ဘူး။ ဘဝကိုတစ်ဆင့်ခြင်းဖြတ်ကျော်လာရတာပါ။ နိုင်ငံခြားမှာကိုယ့်ဘဝအဆင်ပြေဖို့အတွက် အလုပ်ကြိုးစားရုံနဲ့မရဘဲ ကံပါကောင်းဖို့အတွက် ဘုရားတရား မပြတ်လုပ်ခဲ့ရတယ်။ အလုပ်တစ်ခုတစ်ခုပြောင်းဖို့အတွက် အဆင်ပြေရုံနဲ့မရ ကံကောင်းဖို့အတွက် ဘုရားတရားလုပ်ရတယ်'' လို့ ဆိုပါတယ်။

play
မိုးရွာထဲမှာ ထီးစောင်းပြီး ပုတီးစိတ်နေတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ (Photo: Smile Fb)

 

အခုဆိုရင်တော့ သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကို စနစ်တကျထိန်းသိမ်းခဲ့ရတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ စမိုင်းလ်ဟာ အခုဆိုရင်တော့ အားကိုးရတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေး ၂ ယောက်ရယ်ကို ပိုင်ဆိုင်ထား တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD