AD
AD
AD
play
အကောင့်အတုဖြစ်ပါတယ်။ Photo : မယ်လိုဒီ

 

သရုပ်ဆောင် မယ်လိုဒီက သူမနာမည်နဲ့ ဖေ့စ်ဘွတ်သုံးနေတဲ့ သူတွေကြောင့် စိတ်ညစ်နေပါတယ်။ ဖေ့စ်ဘွတ်သုံးချင်ရင် ကိုယ့်နာမည်နဲ့ ကိုယ်သုံးကြပါလားဆိုပြီး သူ့ရဲ့အကောင့်မှာ ပြောထားပါသေးတယ်။ ဖေ့စ်ဘွတ်အကောင့်အတုကြောင့် သူမက  စိတ်ညစ်နေသလို ပရိသတ်တွေကိုလည်း အကောင့်အတုတွေ သတိထားဖို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

play
အကောင့်အတုဖြစ်ပါတယ်။ Photo : မယ်လိုဒီ

 

"ဘယ်သူများလဲဟယ် အံ့ဘြတာဘဲ တချိန်လုးံ ဟက်တာကတစ်မျိုး

အခုလို အယောင်ဆောင်တာကတစ်မျိုး အံဘြတာဘဲ

Fb သုးံချင်ရင် ကိုယ့်နာမည်နဲ့ကိုယ်သုးံလေဟယ်

မူးနေတာ ပိုမူးသွားပြီ

ပိုက်ဆံတော့ လာမညစ်နဲ့ အခုအချိန် ပြန်ပါပေးသွားရမယ်

အတုတွေသတိထားကြပါ

ပိုက်ဆံ လာချီးရင်မပေးကြပါနဲ့နော်" ဆိုပြီး ဇွန်လ(၅)ရက်နေ့ ညက ပြောထားတာ တွေ့ရပါတယ်။

play
အကောင့်အတုဖြစ်ပါတယ်။ Photo : မယ်လိုဒီ

 

ဒီနေ့(ဇွန်လ၆ရက်)မနက်ပိုင်းမှာလည်း မယ်လိုဒီက ပရိသတ်တွေနဲ့ Live ပြောခဲ့ပါသေးတယ်။ အဲ့ဒီ Live ထဲမှာလည်း သူမနာမည်နဲ့ သုံးနေတဲ့ အကောင့်အတု တစ်ခုရှိနေတဲ့အကြောင်း အဲ့ဒီအကောင့်အတုက သူမတင်သမျှ အားလုံးကို လိုက်တင်နေတဲ့အကြောင်းတွေကိုလည်း ပြောပြထားပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်အစစ်ပုံစံမျိုး အသုံးပြုနေတာဟာ ကိုယ့်ရဲ့ အကောင့်ကိုပါ အန္တရယ်ရှိကြောင်း ပရိသတ်တွေ က ကောမန့်တွေမှာ အကြံပြုထားကြသလို မယ်လိုဒီအနေနဲ့ အကောင့်အတုဘက်က reportထုလိုက်လို့ သူမအကောင့်ကျ သွားခဲ့ရင်လည်း ဖေ့စ်ဘွတ်မသုံးတော့ပါဘူးဆိုပြီး ကောမန့်တွေမှာ ပြန်ဖြေထားပါသေးတယ်။

play
Photo : မယ်လိုဒီ

 

ပထမပိုင်းဟာ မယ်လိုဒီဟာ သူမနာမည်နဲ့ သုံးနေတဲ့ ဖေ့စ်ဘွတ်အကောင့်ကို Report ထုဖို့ ပြောထားပေမယ့်လည်း နောက်ပိုင်းမှာ Report မထုတော့ပဲ သူပျော်ပါစေဆိုပြီး ပြန်ပြောထားတာလေးလည်းတွေ့ရပါတယ်။ Live ထဲမှာဖေ့စ်ဘွတ်အကောင့်အတုအကြောင်းလေးတွေ ပြောထားသလို သားလေးကို ကျောင်းလိုက်ပို့တာနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားတာ တွေ့ရပါတယ်။ ပရိသတ်တွေနဲ့ အပြန်ပြန်အလှန်လှန် Live မှာ စကားပြောလိုက်တာ အချိန်တော်တော် ကြာသွားခဲ့ပါတယ်။

play
Photo : မယ်လိုဒီ

 

မယ်လိုဒီဟာ လက်ရှိမှာ ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ်သလို သားလေးအတွက်လည်း အချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ သားလေးသိဒ္ဓိစစ်က အခုဆိုရင် ကျောင်းတောင် တက်နေပါပြီ။ သုံးနှစ်ကျော်ထဲ ရောက်နေပြီဖြစ်တဲ့ သားလေး သိဒ္ဓိစစ်က တစ်ရက်ကို (၂)နာရီ ကျောင်းတက်နေရပြီလို့ မယ်လိုဒီက ပြောပါတယ်။ သားလေးရဲ့ ကျောင်းသွား ကျောင်းပြန် ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ဖြစ်နေသလို ပရိသတ်တွေကလည်း သားလေးရဲ့ ပုံတွေကြည့်ပြီး အသည်းယားလို့နေပါတယ်။

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာ ပေါ်မှာ မကြာခဏဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD