AD
AD
AD
play
Photo : စုချစ်ဇော်

 

အဆိုတော် သရုပ်ဆောင် စုချစ်ဇော်က ခင်ပွန်းနဲ့ အတူတွဲရိုက်ထားတဲ့ ပုံလေးတွေကိုကြည့်ပြီး ခင်ပွန်းကို လွမ်းနေကြောင်း ရင်ဖွင့်ထားပါတယ်။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ ခင်ပွန်းကိုလွမ်းပြီး ဂူဂူဂါဂါ ဖြစ်နေတယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

play
Photo : စုချစ်ဇော်

 

"အင်စတာဂလမ်မှာ တင်ပြီး ဖေ့စဘုတ်က  အယ်လဘမ်ထဲ မစေ့ရသေးတဲ့ ပုံဒေ ပြန်တွေ့ တာရယ်..ယောကျာ်းကို လွမ်းပြီး ဂူဂူဂါဂါ ဖြစ်နေတာရယ်..ပုံတွေ မြင်ပြီး ပိုလွမ်း လာတာရယ်ကြောင့် တင်လတ်သည်" ဆိုပြီး ဇွန်လ(၆) ရက်နေ့က သူ့ရဲ့ အကောင့်မှာ ပြောထားတာပါ။

ယောက်ျားကို လွမ်းတဲ့အကြောင်း စာလေးတွေရေးပြီး ပြောထားသလို နှစ်ယောက်သားပုဂံသွားတုန်း ရိုက်ထားတဲ့ ပုံလေးတွေကို ပြန်တင်ထားပါသေးတယ်။

play
Photo : စုချစ်ဇော်

 

စုချစ်ဇော်ဟာ ခင်ပွန်းဖြစ်သူ ကောင်းမြတ်ဆက်နဲ့ဟာ စင်ကာပူမှာ တွေ့ဆုံပြီး မေတ္တာမျှခဲ့ကြတာ ဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။  သူငယ်ချင်းအဖြစ် နေလာရင်း (၁)နှစ်လောက်အကြာမှာ ခင်ပွန်းက သူမကို ချစ်ခွင့်ပန်ခဲ့တာပါတဲ့။ သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုလေးတွေကို ကြည့်ရတာ အေးချမ်းလှပါတယ။်

play
Photo : စုချစ်ဇော်

 

ယခုလက်ရှိ ခင်ပွန်းရဲ့ အလုပ်ဟာ ပြည်ပမှာပဲ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံနဲ့ အသွားအပြန်လုပ်နေရတယ်လို့ သိရပါတယ်။ သူတို့ နှစ်ယောက် ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို ၂၀၁၇ခုနှစ် အောက်တိုဘာ(၂၆)ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး မင်္ဂလာဦှးဆွမ်းကျွေးအလှူကို ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာမှာ ၂၀၁၇ခုနှစ် အောက်တိုဘာ(၂၇) ရက်နေ့က ကျင်းပပြခဲ့ကြတာ ဖြစ်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD