AD
AD
AD
play
Photo : မီမီဝင်းဖေ

 

အဆိုတော် မီမီဝင်းဖေက ဒီနေ့မှာ အနုပညာညီအစ်မဖြစ်သူ ဆုန်သင်းပါရ်ဆီကို အလည်သွားခဲ့ပါတယ်။ ဆုန်သင်းပါရ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက် က ဒုတိယရင်သွေးကို အောင်မြင်စွာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးနဲ့ မေမေဆုန်သင်းပါရ် ဆီ သွားလည်ခဲ့တဲ မီမီဝင်းဖေက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာလည်း တွေ့ရပါတယ်။

"ညီမဆုန် ရဲ့ မီးမီးလေးဆီသွားလည်ပါတယ်။ မာမီဆုန်က ကျန်းမာစွာနဲ့ မိခင်ကြီးပီသစွာကလေးကိုပြုစုစောင့်ရှောက်နေပုံ လေးမှတ်တမ်း တင်ခဲ့လိုက်ပါတယ်။" ဆိုပြီး ဇွန်လ(၆) ရက်က မီမီဝင်းဖေရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။ အဆိုတော် မီမီဝင်းဖေနဲ့ ဆုန်သင်းတို့ သားအမိအတူ ရိုက်ထားတဲ့ ချစ်စရာ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။

play
Photo : မီမီဝင်းဖေ

 

နိုင်ငံကျော် အဆိုတော် ဆုန်သင်းပါရ်က သမီးလေးကို ဝိတိုရိယဆေးရုံမှာ နံနက် (၅း၁၈)မိနစ်ကမွေးဖွားခဲ့တာပါ။သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ဆုန်သင်းပါရ်ဟာ ၂၀၁၇ခုနှစ် အောက်တိုဘာတုန်းက လိုရာဆုဆိုတဲ့ တစ်ကိုယ်တော် အခွေလေး ကိုလည်း ထွက်ရှိထားခဲ့ပါတယ်။ သာယာတဲ့ အသံလေးကိုပိုင်ထားတဲ့ သူမဟာ ဂီတလောကမှာ နေရာတစ်နေရာ ခိုင်ခိုင်မာမာရရှိထားသူလည်း ဖြစ်ပါတယ်။

play
Photo : မီမီဝင်းဖေ

ဆုန်သင်းပါရ်နဲ့ မီမီဝင်းဖေတို့နှစ်ယောက်ဟာ အသက်နည်းနည်းကွာပေမယ့်လည်း ညီအစ်မအရင်းတွေလို သူငယ်ချင်းတွေလို အမြဲတမ်း အတူတူသွားလာနေတာလေးတွေကိုလည်း ဖေ့စ်ဘွတ်စာမျက်နှာတွေ့ရပါတယ်။

အဆိုတော် မီမီဝင်းဖေဟာ ဂီတသက်တမ်း နှစ်(၃၀)ကျော်နေပြီဖြစ်ပြီး ယခုလအချိန်ထိ ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားနိုင်တဲ့ အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေ မထွက်ဖြစ်တာ ကြာနေပြီဖြစ်တဲ့ မီမီဝင်းဖေဟာ  '' ပန်ဆင်မယ်ဆို''ဆိုတဲ့ တစ်ကိုယ်တော်အခွေထွက်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD