AD
AD
AD
play
Photo : စိုးပြည့်သဇင် FB

 

ကြင်စဦး ဇနီးမောင်နှံတွေ ဖြစ်ကြတဲ့ အဆိုတော် စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့ဟာ ဒီနေ့( ဇွန်လ ၇ ရက်) မှာ သာသနာ့ဘောင်ထဲ အတူတူဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။  မှော်ဘီမြို့မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ စန္ဒီမြင့်လွင်က သီလရှင်ဝတ်ပြီး ခင်ပွန်းက ရဟန်းဝတ်ဖြစ်ခဲ့တာပါ။ သာသနာ့ဘောင်ထဲမှာ ၅ ရက်တိတိ တရားအားထုတ်မယ်လို့လည်း သိရပါတယ်။

play
Photo : စိုးပြည့်သဇင် FB

 

ခင်ပွန်းဖြစ်သူနဲ့အတူ သာသနာ့ဘောင်ထဲ ဝင်ဖြစ်တဲ့ အကြောင်းကိုလည်း  Duwun Media ကနေ ပရိသတ်တွေအတွက် ယခုလို ပြောပြဖူးခဲ့ပါတယ်။

" ဇွန်လ(၇)ရက်နေ့လောက် ဖြစ်မယ်ထင်ပါတယ်။ ဒီးဒီက သီလရှင်ဝတ်မယ် အကိုက ဘုန်းကြီးဝတ်မှာပါ။ ဒီးဒီက သီလရှင် တစ်ခါမှ မဝတ်ဖူးသေးဘူး။ ဒါပထမအကြိမ် ဝတ်တာပါ။ ကုသိုလ်လည်း ရချင်တယ်။ အဲ့ဒါကြောင့်ပါ။ ဒီးဒီတို့ နှစ်ယောက်ပေါင်းပြီးတော့ ကုသိုလ်လုပ်ရတာ အရမ်းဝါသနာပါတယ်။ ဒီလိုမျိုး ကုသိုလ်လုပ်ရတာဝါသနာပါတယ်ပြီးတော့ စိတ်အေးချမ်းတယ်။ ခဏဝတ်တာပါ။ အကိုကလည်း လှူတာတန်းတာတွေ ဝါသနာပါတယ်။ အဲ့အတွက် နှစ်ယောက်ပေါင်းပြီးတော့ လှူဖြစ်တယ်။ အလှူအတန်းလုပ်ရတာလည်း ပျော်တယ်"လို့ သူမက မေလ(၂၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ "င့ါကိုနမ်းတဲ့မုန်တိုင်း" ရုပ်ရှင်ဇာတ်ကားကြီး press show နေ့မှာ ပြောပြခဲ့တာပါ။

play
Photo : စန္ဒီမြင့်လွင် FB

 

ဒီနေ့မှာ သာသနာ့ဘောင်ထဲ ဝင်သွားတဲ့ ဒီးဒီအတွက် ညီမဖြစ်သူ စိုးပြည့်သဇင်ကလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ယခုလို ပြောထားပါသေးတယ်။

"သီလရှင်ဝတ်ပြီး ဘုရားသမီးတော်အဖြစ် ၅ ရက် ခံယူတာ သာဓုပါ ဆရာလေး.....ဒီနေ့မအားလို့ မလာနိုင်တာ ခွင့်လွှတ်ပါနော်.....တပည့်တော် တရက်လာခဲ့မယ်နော်...      တရားထူးတရားမြတ်တွေ ရပါစေ" ဆိုတဲ့ ဆုတောင်းစကားလေးကို ဇွန်လ(၇) ရက်နေ့ မနက်(၁၀)နာရီလောက်က ရေးသားခဲ့တာပါ။

play

 

စန္ဒီမြင့်လွင်ဟာ သာသနာ့ဘောင်ထဲ မဝင်ခင် သူမရဲ့ ဆံပင်ပုံစံလေးကိုလည်း ချိန်းလိုက်ပါသေးတယ်။ ဂုတ်ဝဲလောက် ရှိတဲ့ ဆံပင်ကို အတိုပုံစံလေး ညှပ်ပြီး ခရမ်းရောင်ကာလာလေး ဆိုးခဲ့ပါတယ်။

သာသနာ့ဘောင်ထဲ မဝင်ခင်မှာ ဆံပင်ပုံစံ ခဏချိန်းလိုက်တာ ဖြစ်ပါတယ်။သူမအတွက်ကတော့ ခင်ပွန်းသည် ကိုသီဟလွင်ဟာ သူမအပေါ် အရမ်းကောင်းတဲ့ ခင်ပွန်းသည်ဖြစ်တယ်လို့ မေလ(၂၅) ရက်နေ့ အင်တာဗျူးတုန်းက ရင်ဖွင့်ခဲ့ပါသေးတယ်။

play
Photo : စန္ဒီမြင့်လွင် FB

စန္ဒီမြင့်လွင်ဟာ မင်္ဂလာပွဲပြီးနောက်ပိုင်းမှာလည်း ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သလို သွားနေရတာကိုလည်း တွေ့ရပါတယ်။ အားလပ် ချိန်တွေ မှာလည်း ခင်ပွန်းဖြစ်သူ ကိုသီဟလွင် နဲ့ အတူ ကုသိုလ်ရေးတွေလည်း လုပ်ဖြစ်သလို ခရီးတွေလည်း ထွက်ဖြစ်နေ ပါတယ်။

စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ က နိုဗိုတယ်လ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ မတ်လ ၁၂ ရက်နေ့ညက Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD