AD
AD
AD
play

 

ဒီနေ့မှာတော့ သရုပ်ဆောင်မယ်လိုဒီရဲ့ တစ်ဦးတည်းသောသားလေး သိဒ္ဓိစစ် တစ်ယောက် ကျောင်းတက်တာ ၄ ရက်ရှိပြီလို့ သိရပါတယ်။ ကျောင်းသွားတာ မုန့်ဆွဲခြင်းကို မကိုင်ချင်တဲ့သားသား သိဒ္ဓိစစ်ကို မယ်လိုဒီက မုန့်ခြင်းကို ကိုယ့်ဘာသာကိုယ်ကိုင်ဖို့ ပြောခဲ့တယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သားသားကို တာဝန်ယူတတ်တဲ့စိတ်လေး မွေးတတ်အောင် မိဘတစ်ယောက်အနေနဲ့ သင်ပေးနေတယ်လို့ ဆိုပါတယ်။

''ဒီနေ့ ကျောင်းတက်တာ ၄ရက်ရှိပြီမုန့်ခြင်းကို ဆွဲခိုင်းတာ မဆွဲချင်ပေမယ့် မေမေဆွဲခိုင်းတော့ ဆွဲရတယ်လေ။ ကြီးမားလေးလံတဲ့ ပစ္စည်း တွေ မဟုတ်သလို သားနဲ့ဆိုင်တဲ့ပစ္စည်းမို့ သားမှာ တာဝန်ရှိပါတယ်။ ကိုယ့်ပစ္စည်း ကိုယ်သယ်ရမှာပါ တာဝန်ယူတတ်တဲ့ စိတ်လေး မွေးပေး ရမှာ မိဘအလုပ်ပါဘဲ။ ကလေးအတွက်လည်း ပိုကောင်းပါတယ်။ မိမိကိုယ်ကိုယုံကြည်မူ့ပိုရှိလာမှာပါ။ သားသား က တော့ လိမ္မာတဲ့ ကလေးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ခုထိထမင်းခွံကျွေးနေရတုန်းပါ'' ဆိုပြီးတော့ ဇွန်လ ၇ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်အချိန်က မယ်လိုဒီရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

play

 

တချို့ကလေးတွေမှာလည်း ဖွံ့ဖြိုးတိုးတက်မှု နှေးတတ်လို့ ကိုယ့်သားသမီးကို သူများကလေးတွေလို အတတ်မြန်စေဖို့ စိတ်ဆန္ဒ မစောပဲ ဖြေးဖြေးမှန်မှန်သင်ယူဖို့ကိုလည်း ထပ်ပြီးတော့ ရေးသားထားပါသေးတယ်။
''တချို့ ဖွံဖြိုးတိုးတက်မူ့တွေက နှေးနေတတ်ပါတယ်။ အလျင်မလိုပါနဲ့ ဖြေးဖြေးမှန်မှန်သင်ယူပါစေ။ သူများကလေးတွေ အတတ်မြန်တာ အားမကျပါနဲ့ကိုယ့်ကလေးသိတာ တတ်လာတာလေးကိုချီးကျူးအသိအမှတ်ပြုပါကလေးတွေလိမ္မာ မိဘတွေပီတိဖြာနိုင်ကြပါစေ။ ၇ ရက် သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုး လိုရာဆန္ဒ ပြည့်ဝကြပါစေရှင်'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီရဲ့ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ သားလေး သိဒ္ဓိစစ်ကတော့ ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတတ်နေရပြီလို့ သိရပါတယ်။ သားသားရဲ့ ကျောင်းသွားကျောင်းပြန် ချစ်စရာပုံရိပ်လေးတွေကိုလည်း မယ်လိုဒီက ဖေ့စ်ဘွတ်မှာ မကြာခဏတင်ဖြစ်ပါတယ်။ မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD