AD
AD
AD
play

 

ပရဟိတကိစ္စတွေ အလှူမှတ်တမ်းတွေ အမြဲတမ်း တင်ဖြစ်နေတဲ့ ခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်အကောင့်လေး အဟက်ခံလိုက်ရတယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်အကောင့်က ဇွန်လ(၄)ရက်နေ့ အဟက်ခံခဲ့ရတာပါ။ အကောင့်အဟက်ခံရတာနဲ့ ပတ်သက်ပြီး Terry Jop အကောင့်မှာ ယခုလို ပြောပြထားပါတယ်။

"မခိုင်နှင်းဝေ အကောင့်မနေ့ညက အဟက်ခံရပါတယ်...သူငယ်ချင်းတွေအားလုံးသိအောင်ပြောပြတာပါ...ပရဟိတကိစ္စတွေ, အလှူမှတ်တမ်းတွေ ရှိတဲ့ အကောင့်မို့လို့ သူတော်တော်လေးစိတ်မကောင်းဖြစ်နေပါတယ်.." ဆိုပြီး ဇွန်လ(၅) ရက်နေ့က ရေးသားထားတာ ဖြစ်ပါတယ်။

play
Photo : Terry Jop

 

ခိုင်နှင်းဝေဟာ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာဆိုရင် သူတို့ပရဟိတအဖွဲ့လေးရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း အမြဲတမ်း တင်ဖြစ်သူ တစ်ဦးပါ။ အခုလိုမျိုး ဖေ့စ်ဘွတ်အကောင့်အဟက်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး ခိုင်နှင်းဝေ တစ်ယောက် တော်တော်စိတ်မကောင်းဖြစ်လို့နေပါတယ်။ပရိသတ်တွေကလည်း သူမရဲ့ ဖေ့စ်ဘွတ်အကောင့်လေး အဟက်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး သူမနဲ့ ထပ်တူ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

play
Photo : Terry Jop

ဒီနေ့ဆိုရင် သူမရဲ့ ပရဟိတအလုပ်လေးတွေနဲ့ ပတ်သက်ပြီး Terry Jop ဖေ့စ်ဘွတ်အကောင့်မှာတင်ဖြစ်နေပါတယ်။ ဒီနေ့(ဇွန်လ၇ရက်)မှာ လည်း ခိုင်နှင်းဝေဟာ ဆီးချိုရောဂါကြောင့် အမြင်အာရုံချို့တဲ့သွားပြီဖြစ်တဲ့ သရုပ်ဆောင် ကစ်ကစ်ဆီကို သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ သရုပ်ဆောင် ကစ်ကစ်အတွက် လတ်တလောစားသောက်ဖို့အဆင်ပြေနိုင်အောင် သွားရောက်လှူဒါးန်းခဲ့တာ ဖြစ်တယ်လို့ Terry Jop ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားပါတယ်။

"ဆီးချိုရောဂါကြောင့် အမြင်အာရုံချို့တဲ့သွားပြီဖြစ်တဲ့ ကျမတို့ရဲ့ချစ်ခင်ရတဲ့ဟာသသရုပ်ဆောင် အစ်မကစ်ကစ်ဆီကို ,,,ဆန်,ဆီ,ငါးသေတ္တာ,ခေါက်ဆွဲခြောက်,ပဲနို့,မုန့်ပုံး,လိမ်းဆေး, Ovaltine, ကွေကာအုပ်တို့ကိုသွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင်..ယခုတခေါက်ကတော့ လတ်တလော စားသောက်ဖို့အတွက်အဆင်ပြေအောင်သွားလှူခဲ့တာပါ.။ မကစ်ကစ်ရဲ့ သမီးလေးက တက္ကသိုလ်ဝင်စာမေးပွဲကိုအပြင်ဖြေမှာမို့, အမေ့ကိုလဲအနီးကပ်ပြုစုရင်း, စာလဲကျက်ရင်း, နေ့စဉ်ပုံမှန်ဝင်ငွေလေးတစ်ခုရအောင် အလုပ်အကိုင်တစ်ခုစီစဉ်ပေးဖို့လဲ တိုင်ပင်ဆွေးနွေးခဲ့ ပါတယ်။ မကစ်ကစ်ဒီတစ်ခေါက်ဆေးရုံကဆင်းတာနဲ့ သမီးလေးစတင်လုပ်ကိုင်နိုင်အောင်စီစဉ်ပေးသွားမှာပါ...ကျွန်မတို့ ချစ်ရတဲ့ မကစ်ကစ် ရောဂါတွေအမြန်ဆုံးသက်သာပျောက်ကင်းပြီး,ချစ်တဲ့သမီးလေးနဲ့အတူ ကျန်းမာစွာနေထိုင်နိုင်ပါစေ လို့ဆုတောင်း ပေးပါတယ်ရှင်..." ဆိုပြီး ဒီနေ့(ဇွန်၇ရက်)မှာ ပြောထားတာပါ။

play

 

ခိုင်နှင်းဝေက NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ United ACT ရဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ဒါ့အပြင် ခိုင်နှင်းဝေက နဝမအကြိမ်မြောက် ကျင်းပပြုလုပ်မယ့် ၂၀၁၈ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ထားသူလည်း ဖြစ်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD