AD
AD
AD
play
Photo : ဂျေနော

 

ကချင်တိုင်းရင်းသူလေး ဂျေနောဟာ  မြစ်ကြီးနားမှာရှိတဲ့ ကချင်စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာ ဒုက္ခရောက်နေသူများဆီသို့ သွားရောက်ခဲ့ ပါတယ်။ သူမတက်နိုင်တဲ့ ဘက်က တစ်ပိုင်တစ်နိုင်လေး သွားရောက်လှူဒါန်းခဲ့တယ်ဆိုတဲ့ ဂျေနောရဲ့ စိတ်ဓာတ်လေး ကလည်း လေးစားဖို့ ကောင်းလှပါတယ်။

စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တာတွေကို သွားရောက်လှူဒါန်းဖြစ်တဲ့ ဂျေနောဟာ သူမရဲ့ ခံစားချက်လေးကိုလည်း ယခုလို ရေးသားထားတာတွေ့ရပါတယ်။

play
Photo : ဂျေနော

 

"နော လေး တတ်အားရှိ သ၍ တစ်ပိုင်တနိုင် လေး သွားရောက် ကူညီ ထောက် ပံ့ ပေးဖြစ်တာပါ။ ခု ဒီနေ့ မှ တောထဲ ၂ လလောက် အစာရေစာ တွေ ဘယ်လောက် ပြတ်လပ် ပြတ်လပ် ဇွဲ မလျော့ ဘဲ မရှိ ရှိတာလေး တော ထဲ ရှာ ဖွေ စားသောက် ပီး အသက် ဆက် ခဲ့ တဲ့ မိသားစု၉ ယောက် လဲ ဒီနေ့ မှ ရောက်လာ ကြတယ် ကြားတော့ စိတ်ထဲ မကောင်းဘူးးး ကွယ် ။ လတ်တလော သူတို့လေးတွေ လိုအပ်နေတဲ့ အစားအသောက် , မိုးတွင်းမို့ နာ မကျန်းဖြစ် နေတဲ့ သူတွေတွက် ဆေး ဝါးးး တွေရယ် , အဝတ်အထည် အနွေးထည် တွေတချို့ , နဲ့ တခြားလို အပ် ပစ္စည်း လေးတွေ သွား ရောက်ကူ ညီထောက်ပံ့ ဖြစ်တာပါ ။ နော ခု လို သွားရောက် ကူ ညီထောက်ပံ့ ပေးနိုင်တယ်ဆို တာ လဲ နော ကို ခုချိန် ထိ ချစ်ခင်မြတ်နိုး ပြီး တန် ဖိုး ထားပေး, ချစ်ခင် အား ပေး နေ တွေ ကြောင့် ရယ် ပါ" ဆိုပြီး ဇွန်လ(၆)ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

play
Photo : ဂျေနော

 

ဂျေနောဟာ ပရဟိတအလုပ်လေးတွေကို သူမတက်နိုင်တဲ့ ဘက်ကနေ တစ်ပိုင်တနိုင် လုပ်ဖြစ်နေသူလေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ၂၀၁၈ခုနှစ်အတွင်း သူမရရှိတဲ့ အနုပညာကြေးအားလုံးကို ကချင်စစ်ဘေးရှောင်တွေ အတွက် လှူဒါန်းမယ်ဆိုပြီး ပြောခဲ့ဖူးပါသေးတယ်။

"2018 ခုနှစ် တစ်နှစ်ပတ် လုံး နော လေး အနုပညာ လုပ်ငန်းမှ ရရှိတဲ့ အဖိုးအခ (အနု ပညာ ကြေး)များ အားလုံးကို နောလေးတို့ သွေးသားညီအကို မောင်နှမ များ ခုလို စစ်​​ဘေး အန္တရယ် ဒုက္ခ တွေ ကြား က နေ အခက်​ခဲ မျိုးစုံနဲ့ ရင်​ဆိုင်​​နေရတဲ့ချိန် နောလေး ​ချွေးနဲစာ လေး နဲ့ ကူညီ ထောက်ပံ့ သွားမှာ ဖြစ်ပါတယ် နောလး ပိုက်​ဆံ အရမ်း ချမ်းသာ​နေလို့ မဟုတ်ရပါ ရှင်။ စစ်​​ပြေးရှောင်​ဒုက္ခ​ရောက်​ပြီး ထွက်​​ပြေးသိမ်း​ ရှောင်​လာကြရတဲ့ သက်ကြီးရွယ်အိုတွေ ကိုယ်​ဝန်​​ဆောင်​မိခင်​တချို့  နှင့်​ နာမကျန်း​တဲ့ က​လေးငယ်​တွေ ကျန်းမာ​ရေးချို့တဲ့​သူတွေ သူတို့ လေး တွေ ခံစား ခဲ့ ရမယ့် ဒုက္ခ ,ပင်ပန်း ဆငိးရဲမှုတွေ ,ကျော် ဖြတ် လာရမယ့် အခက်အခဲ တွေ ကို တွေးကြည့်ကိုယ်ချင်းစားမိ ရင်း လူသားချင်းစာနာထောက် ထား ပြီး ဒုက္ခ ​ရောက်​​နေတဲ့ ပြည်သူတွေ ထဲ ကပြည်​သူအတွက်​ ကူ ညီပေး ခွင့် ရတာ ကို လဲ အတိုင်းမသိ ဘုရားသခင် ကို ကျေးဇူးတင်မိ ပါတယ်" ဆိုပြီး ပြောခဲ့ဖူးပါတယ်။

play
Photo : ဂျေနော

 

ဂျေနောဟာ ကချင်တိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပြီး မော်ဒယ်လောကမှာ နေရာတစ်နေရာ ရပေမဲ့လည်း ဆက်လက် ကြိုးစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD