AD
AD
AD
play
Photo : ခင်စန်းဝင်း FB

 

ပရိသတ်တွေကော အနုပညာရှင်တွေပါ မကြီးစန်းလို့ ချစ်စနိုး ခေါ်ကြတဲ့ မိတ်ကပ်ခင်စန်းဝင်းရဲ့ မွေးနေ့လေးက ဒီနေ့ (ဇွန်လ၈ရက်)ဖြစ်ပါတယ်။ မွေးနေ့ရောက်တိုင်း သွေးလှူဒါန်းဖြစ်ခဲ့တဲ့ မကြီးစန်းဟာ ဒီနှစ်မွေးနေ့မှာလည်း သွေးထပ်မံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက မွေးနေ့ရောက်တိုင်းသွေးလှူခဲ့တာ မကြီးစန်းဟာ ဒီနှစ်သွေးလှူခဲ့တဲ့ အကြိမ်နဲ့ဆိုရင်(၁၂)ကြိမ် တိုင်ခဲ့ပြီလို့တဲ့ ။

အဲ့ဒီအကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ  ယခုလို ရေးသားထားတာတွေ့ရပါတယ်။

"မွေးနေ့ရောက်တိုင်းသွေးလှူခဲ့တာ2009ခုနှစ်ကတည်းက ဒီနှစ်ဆို၁၂ကြိမ်တိုင်ခဲ့ပြီ"  ဆိုပြီး မကြီးစန်းရဲ့ ဖေ့စ်ဘွတ်အကောင့်သစ်မှာ ဇွန်လ(၈)ရက်နေ့ ကပြောထားပါတယ်။ မကြီးစန်းရဲ့ မွေးနေ့လေးကိုလည်း ပရိသတ်တွေ အနုပညာမောင်နှမတွေက မွေးနေ့ဆုတောင်း တွေ တောင်းပေးထားကြတာကိုလည်း တွေ့ရပါတယ်။

play
Photo : ခင်စန်းဝင်း FB

 

ပရိသတ်တွေအများကြီးရှိခဲ့တဲ့မကြီးစန်းရဲ့ ဖေ့စ်ဘွတ်အကောင့်က အဟက်ခံထားရတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် မကြီးစန်းဟာ သူ့နာမည်နဲ့ အကောင့်အသစ်ကို ဇွန်လ(၇) ရက်နေ့က ထပ်ဖွင့်ခဲ့ပါတယ်။သူ့ရဲ့ လှုပ်ရှားမှုတွေကို ဖေ့စ်ဘွတ်အကောင့်အသစ်မှာပဲ တင်ဖြစ်နေတာ တွေ့ရပါတယ်။

မိတ်ကပ်ပညာရှင်တစ်ဦးလည်းဖြစ်၊ သရုပ်ဆောင်အလုပ်တွေကိုပါဆောင်ရွက်နေရတဲ့ ခင်စန်းဝင်းကတော့ သူ့ရဲ့ တတိယမြောက်ဇာတ် ကား ကို မကြာခင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားလေးကနေတဆင့် မိန်းမလျာပုံစံ မိဘ နဲ့ သားသမီးကြားက မေတ္တာလေးတွေကို ချပြမယ့် အကြောင်းအရာလေးတွေရိုက်ကူးသွားမယ်လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

'' အဓိက ကတော့ မိဘနဲ့သားသမီးကြားမှာရှိတဲ့ မေတ္တာပါ။ မကြီးတို့ အနေနဲ့ မိန်းမလျာဖြစ်တဲ့အတွက် သား၊သမီး မမွေးနိုင်တဲ့အခါမှာ ကိုယ်မွေးမိတဲ့ ဒီကလေးကို မိန်းမ၊ ယောက်ျားတွေလိုပဲ ရှင်သန်အောင်၊ တိုးတက်အောင် ကိုယ့်ဘက်ကနေပေးဆပ်တဲ့အပိုင်းလေးတွေ၊ မိဘနဲ့သားသမီးကြားက မေတ္တာလေးတွေကို ပြချင်တာပါ'' လို့ Spice Girl ဆိုင်အသစ်ဖွင့်ပွဲက မီဒီယာတွေရဲ့အင်တာဗျုးတွေကို ဖြေဆိုခဲ့တာပါ။

play
Photo : ခင်စန်းဝင်း FB

 

မကြီးစန်းရဲ့ တတိယမြောက် ရိုက်ကူးမယ့်  ဇာတ်ကားကို  ဇာတ်လမ်းတွဲအနေနဲ့ အွန်လိုင်းကနေ ပြသသွားမယ်လို့ သိရပါတယ်။

 ခင်စန်းဝင်းဟာ ပထမဆုံးရိုက်ကူးခဲ့တဲ့ မကြီးစန်းနှင့် သူ၏ ချစ်သူများ ဗီဒီယိုဇာတ်ကားကနေတဆင့် သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေလက်ခံလာတာဖြစ်ပါတယ်။ သူ့အနေနဲ့ ပထမ ဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် နောက်ထပ်ဇာတ်ကားတွေ ဆက်ရိုက်လာတာပါလို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာလည်း ဖြေဆို ခဲ့ဖူးပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD