AD
AD
AD
play
Photo : ဆုပန်ထွာ

 

ဆုပန်ထွာတို့ သားအမိနှစ်ယောက်က မိုးတွင်းမှာ မဖျားမနာရအောင် ဇွန်လ ၇ ရက်နေ့က ကာကွယ်ဆေး သွားထိုးခဲ့ကြတာ ဖြစ်ပါတယ်။

"Roar Roar ရော၊ မာမားရော ဒီနေ့ကာကွယ်ဆေးထိုးဖြစ်ပါတယ်။ မိုးတွင်းဘက်မဖျားမနာရအောင် ကြိုထိုးရမှာ။ အခုနဲနဲတောင် နောက်ကျသွားပါတယ်။ သူ့ဒယ်ဒယ်ကတော့ ဒီနေ့မအားလို့ နောက်နေ့မှသွားထိုးရပါမယ်" လို့ ဆုပန်ထွာက ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

play
Photo : ဆုပန်ထွာ

 

တစ်မိသားစုလုံး ကျန်းမာနေဖို့လိုသလို အရေးကြီးဆုံးက တစ်အိမ်သားလုံးကို ပြုစုဖို့အတွက် အိမ်ရှင်မက ကျန်းမာနေဖို့ လိုတယ်ဆိုတာကိုလည်း ဆုပန်ထွာက ပြောထားပါသေးတယ်။

" မိသားစုမှာ Roar Roar ကျန်းမာဖို့၊ဒယ်ဒယ်ကျန်းမာဖို့၊ သူတို့နှစ်ယောက်ကိုပြုစုဖို့အရေးအကြီးဆုံးကကိုယ်ကျန်းမာနေဖို့ပါ။ Roar    Roar    ကာကွယ်ဆေးထိုးရင်ပုံလေးတေရိုက်နေကျမို့ သားအမိနှစ်ယောက် ပုံလေးလဲမတင်တာကြာ။ သူ့ပုံလေးတေကြည့်ပြီးချစ်လို့ အမှတ်တရတင်ဖြစ်ပါတယ်။ မာမားမျက်ခုံးလေးတော့ သည်းခံကြည့်ပေးပါ။ ခိ..." လို့ ရေးသားကာ ဓာတ်ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

play
Photo : ဆုပန်ထွာ

 

ဓာတ်ပုံလေးတွေထဲမှာ သားအမိနှစ်ယောက် ဆေးထိုးရမှာကို ကြောက်နေတဲ့ ပုံလေးတွေက ချစ်စရာလေးတွေပါ။

ဆုပန်ထွာတို့သားအမိရဲ့ ပုံလေးတွေ ကြည့်ပြီးတော့ ရယ်ပဲမနေနဲ့ဦး.. ပရိသတ်ကြီးရေ။ မိုးတွင်းမှာ မဖျားမနာဖို့ အားလုံးလည်း ကာကွယ်ဆေးထိုးဖို့ လိုတယ်ဆိုတာကိုလည်း မမေ့ကြနဲ့နော်။

play
Photo : ဆုပန်ထွာ

ဆုပန်ထွာ သားလေး Roar Roar ကို စက်တင်ဘာ(၁၅)ရက်နေ့ ဝိတိုရိယဆေးရုံမှာ နံနက် (၅း၄၅)က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားလေး Roar Roar ကတော့ မွေးဖွားချိန်က ကိုးပေါင်နဲ့ နှစ်အောင်စရှိပြီး အရပ်ကတော့ ၅၂ စင်တီမီတာ ရှိခဲ့တာ ဖြစ်ပါတယ်။

မွးဖွားချိန်ကတည်းက လူများရဲ့ ချစ်ခြင်မှုကို ရရှိထားတဲ့ သားလေးက အခုလက်ရှိမှာလည်း မိခင်ရဲ့ အနုပညာ အသိုင်းအဝိုင်းကသာမက ပရိသတ်များကပါ ချစ်ခင်ရတဲ့ ကလေးလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD