AD
AD
AD
play

 

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မေထွဋ်ခေါင်က သူတို့ဘဝထဲကို နောက်ထပ် ရင်သွေးလေး တစ်ယောက် ရောက်ရှိလာတော့မှာမို့ ပျော်လို့နေပါတယ်။ ဒုတိယရင်သွေးလေး ရှိနေကြောင်းကို ၂၀၁၈ခုနှစ် ဧပြီလက ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ဒီနေ့တော့ အဲ့ဒီရင်သွေးလေးက သားလေး ဖြစ်တဲ့အကြောင်းကို ပရိသတ်တွေကို ထပ်ပြီး အသိပေးလိုက်ပါပြီ။ ultrasound ရိုက်ထားတဲ့ ပုံလေးကို တင်ပြီး "ရွှေဂျိုးလေးပါဗျို့" ဆိုတဲ့ စာသားလေးကို ဒီနေ့ (ဇွန်လ၈ရက်)က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

play

 

သမီးလေး တစ်ယောက်ရှိနေတဲ့ သူတို့မိသားစုလေးကို မကြာခင် သားလေး ရောက်ရှိတော့မှာ ဖြစ်လို့ မေထွဋ်ခေါင်တို့ဇနီးမောင်နှံဟာ ပျော်လို့နေပါတယ်။ သူတို့နဲ့အတူ ပရိသတ်တွေကော အနုပညာမောင်နှမတွေ သူငယ်ချင်းတွေကပါ နောက်ထပ် ရင်သွေးလေးအတွက် ပျော်လို့နေတာပါ။

မေလ(၂၉)ရက်နေ့ ၂၀၁၆ခုနှစ်က ဆီဇာညီညီနဲ့ မေထွဋ်ခေါင် တို့ရဲ့ဟာ နှစ်ယောက်တစ်ဘဝ တည်ထောင်ခဲ့တာ ဖြစ်ပြီး သမီးလေးကတော့ ၂၀၁၆ခုနှစ် အောက်တိုဘာလက သူတို့နှစ်ဦးရဲ့ ဘဝထဲကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက သမီးလေးနာမည်ကို မေနန်းစံလို့ ပေးထားတယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင် မေထွဋ်ခေါင်ဟာ ၂၀၁၇ခုနှစ်က ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာ  ရင်ဘက်အရမ်းဟိုက်တဲ့ အင်္ကျီကို ဝတ်ဆင်ခဲ့လို့ ပရိသတ်တွေ တစ်ချို့ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အင်္ကျီအဲ့လို ဖြစ်ခဲ့ရခြင်းဟာ သမီးလေး နို့ဆာချိန်တိုင်း ပွဲခင်းထဲမှာ သမီလေးကို နို့တိုက်ခဲ့ရတဲ့ သူမရဲ့ အဖြစ်ကို ပရိသတ်တွေ သိရှိသွားပြီးတဲ့နောက်မှာ သူမရဲ့ မိခင်စိတ်ကို လေးစားသွားကြတာ ပရိသတ်တွေပါးစပ်ဖျား ချီးကျူးခံခဲ့ရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD