AD
AD
AD
play
Photo : တိုင်ရွန်

 

မော်ဒယ်လ်သရုပ်ဆောင် တိုင်ရွန်ကတော့ ဆီးချိုရောဂါကြောင့် မျက်စိကွယ်သွားတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ဆီသို့ ဒီနေ့(ဇွန်လ၈ရက်)က အလှူငွေ (၁၉)သိန်း နှစ်သောင်းကျော် သွားရောက်လှူဒါန်းခဲ့ပါတယ်။ တိုင်ရွန်အနေနဲ့ ကစ်ကစ်ရဲ့ သတင်းကို ကြားကြားချင်း ကစ်ကစ်အတွက် အလှူငွေ လိုက်လံ ကောက်ခံပြီး လှူဒါန်းခဲ့တာပါ။ ကစ်ကစ်အတွက် အရမ်းလှူချင်နေတဲ့ တိုင်ရွန်ဟာ သူတစ်ယောက်တည်း မတတ်နိုင်တာကြောင့် ပထမဆုံးကြိမ် ကိုယ်တိုင် ဦးစီးပြီး လှူဒါန်းမှုလေးကို ပြုလုပ်ခဲ့ရတာပါဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ  ပြောထားပါတယ်။

play
Photo : တိုင်ရွန်

"အလှုငွေထည့်ဝင်ပေးကြတဲ့ မိတ်ဆွေ အပေါင်းသင်းပရိတ်သတ်တွေ အားလုံးကို အထူးဘဲကျေးဇူးတင်ရှိပါတယ် ခင်မျာ စိတ်ထဲက အရမ်းလှုချင်ခဲ့လို့တစ်ယောက်ထည်းမတတ်နိုင်ခဲ့ပေမယ့် ပထမဆုံးကြိမ်ကိုယ်တိုင်ဦးစီးပီး ပရဟိတ အလှုလေးဖြစ်မြောက် အောင်မြင်ခဲ့ ပါပြီ ။တချို့အလှုငွေတွေကို ကိုယ်တိုင် လိုက်ယူပေးခဲ့ပေမယ့် တချို့ကိုတော့ အကောင့် ကနေဘဲလက်ခံပေးခဲ့တာကို နားလည်ပေးစေ ချင်ပါတယ်။ တကယ်လိုအပ်တဲ့နေရာမှာလှုလိုက်ရလို့ အရမ်းပီတိဖြစ်မိပါတယ် နှမ်းတစ်လုံး ဆီမဖစ်ပေမယ့် နှမ်းတွေအားလုံး စုပေါင်း နိုင်ခဲ့ပါတယ်။ နောက်များမှာလည်း အနုပညာ လောကမှာ နွမ်းပါးတဲ့လူတွေအတွက် တကယ်လိုအပ်တဲ့နေရာတွေကို လှုဒါန်းနိုင်ဖို့ ကျွန်တော် ဆက်လက်ကြိုးစားသွားပါဦးမယ် ။ အလှုရှင်စာရင်းကတော့အောက်ပါတိုင်း အတိကျဖစ်ပါတယ် တစ်ယောက်ချင်းစီကို အထူးကျေးဇူး တင်ပါတယ် အားလုံးကျန်းမာချမ်းသာကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းနိုင်ကြပါစေ " ဆိုပြီး ဇွန်လ(၈)ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ  ရေးသားထားပါတယ်။

play
Photo : တိုင်ရွန်

 

အလှူငွေတွေကို ကစ်ကစ်ရဲ့ သမီးလေးနာမည်နဲ့ ဘဏ်အကောင့်ဖွင့်ထားပေးခဲ့ပြီလို့လည်း ဆိုပါတယ်။ ကစ်အတွက် အလှူငွေ သွားလှူဒါန်း ခဲ့တဲ့ တိုင်ရွန်ဟာ သူ့မျက်နှာမှာ Mask တပ်ထားတာဟာ ဖျားနေလို့ပါဆိုပြီး ပရိသတ်တွေကိုကြိုအသိပေးထားပါသေးတယ်။ တိုင်ရွန်ဟာ သူကိုယ်တိုင်ကလည်း ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ပရိသတ်ပါတဲ့။ ကစ်ကစ်ရဲ့ ရောဂါအခြေအနေကို သိလိုက်ရချိန်မှာ အရမ်းကို စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။ သူအားပေးတဲ့ အနုပညာရှင်တစ်ယောက်အတွက် ပထမဆုံးအကြိမ် အလှူခံဖြစ်တာပါလို့လည်း Duwun Media ကနေ သီးသန့်ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play
Photo : တိုင်ရွန်

 

တိုင်ရွန့်အနေနဲ့ ဆီးချိုရောဂါခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်အတွက် အရမ်းကို စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။ ငတ်တယ်ဆိုတဲ့ ဖီလင်ကို ငတ်ဖူးတဲ့သူတွေသာ သိပြီး၊တကယ် ဒုက္ခရောက်ဖူးတဲ့သူတွေက ဒုက္ခရောက်တဲ့အချိန်ဆိုတာကို ကိုယ်ချင်းစာ တတ်ကြမှာပါပြောပြခဲ့ပါတယ်။

'' အမြစ်ပြတ်အောင်တော့ ခွဲစိတ်နိုင်ခြင်းမရှိသေးဘူးပေါ့နော်။ ဆီးလမ်းကြောင်းပိုးဝင်တာက စတာပေါ့ ဒါကို ပေါ့ပြီးတော့ မကုသနိုင်ဘဲ အခုဆိုရင် မျက်စိကွယ်တဲ့ အနေအထားတောင်ရောက်နေပြီဆိုတော့ အရမ်းစိတ်မကောင်းဘူး။ အရွယ်ရောက်ပြီးသား သမီးတစ်ယောက်ရှိနေတော့လည်း သောကတွေရောက်မှာပဲ။ ကိုယ်ချင်းစာမိပါတယ်။ ငတ်တယ်ဆိုတဲ့ ဖီလင်ကို ငတ်ဖူးတဲ့ သူတွေပဲသိတာပါ။ တကယ်ဒုက္ခရောက်ဖူးတဲ့ သူတွေကပဲ ဒုက္ခရောက်တဲ့အချိန်ကို ကိုယ်ချင်းစာ တတ်မှာပါ'' လို့ ဆိုပါတယ်။ကစ်ကစ်ဟာ လက်ရှိမှာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပြီလို့ သိရပါတယ်။

play
Photo : တိုင်ရွန်

 

တိုင်ရွန့်ကို ပရိသတ်တွေက မော်ဒယ်တစ်ယောက်အနေနဲ့ စတင်သိခဲ့ တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အနုပညာအလုပ်တွေ ပိုလုပ်လာရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပြီလို့ သိရပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD