AD
AD
AD
play
Photo: Zenn Kyi Facebook

 

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ကတော့ လွန်ခဲ့တဲ့ ၁၈ နှစ် ဇွန်လ ၁၂ ရက်နေ့မှာ စပြီးသမီးရည်းစား စဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဇဏ်ခီဟာ သူတို့နှစ်ယောက်ရဲ့ Relationship ဟာ ၁၈ နှစ်ဆိုပေမယ့် ၁၈ လလောက်ဘဲ ရှိသေးတယ်လို့ ခံစားမိပြီး ဇနီးဖြစ်သူကို အရမ်းချစ်တဲ့ အကြောင်းတွေ အခုလို ရေးသား ခဲ့ပါတယ်။

''လွန်ခဲ့သော ၁၈ နှစ် ဒီနေ့ June 12th မှာ သမီးရည်းစားစဖြစ်ခဲ့ပေမယ့် ၁၈ လ လောက်ပဲရှိသေးသလိုခံစားရပါတယ် my baby ပိစိ..
I love you and will always do. Thanks for choosing me to be your partner'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် မှာ ဇွန်လ ၁၂ ရက်နေ့ မနက် ၈ နာရီ ၄၃ မိနစ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

play
Photo: Zenn Kyi Facebook

'' ငယ်ငယ်ကတည်းက တွဲလာကြတာ ကောင်းဖော်၊ ဆိုးဖက် တွေပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် အရမ်းနားလည်တယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ဖေးမတယ်၊ သူငယ်ချင်းတွေလို ဖြစ်နေတာပေါ့။ အဲ့ဒီဘဝက လာတာဆိုတော့ သက်သက်ကြီး ဘာမှ လုပ်ယူဖို့ မလိုဘူးလေ။ ကျွန်တော်လိုရင် သူဘေးမှာ အမြဲရှိပေးမယ်၊ သူလိုရင်လည်း ကျွန်တော် ဘေးမှာ အမြဲရှိပေးတယ်'' ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဇဏ်ခီက ဖြေဆိုခဲ့တာပါ။

play
Photo: Zenn Kyi Facebook

 

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီ တို့ရဲ့ မိသားစုဘဝလေးကိုတော့ ပရိသတ်တိုင်းက လေးစားအားကျလျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။

play
Photo: Zenn Kyi Facebook

 

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD