AD
AD
AD
play
Photo: ပိုပို FB

 

အဘွားကိုချစ်တဲ့ မြေးမလေး တစ်ယောက်ဖြစ်တဲ့ အဆိုတော် ပိုပိုဟာ အဘွားရဲ့ (၇)နှစ်ပြည့်အတွက် အလှူအတန်းတွေ လုပ်ပေးနေတာ တွေ့ရပါတယ်။ အဘွားကို  လွမ်းဆွတ်တဲ့စိတ်နဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးနေတာပါ။ပိုပိုရဲ့ အဘွားဟာ ဆုံးသွားတာ (၇)နှစ်ရှိပါပြီ။ဒါပေမဲ့ သူမရဲ့ ရင်ထဲမှာ အခုချိန်ထိ အဘွားက အသက်ရှင်နေဆဲပါတဲ့။

"ကျွန်မဘဝရဲ့ အသက်ရှင်နေသရွေ့ ရင်ထဲမှာ အဘွားက ရှင်သန်နေဦးမှာပါ ။ ဘာလိုလိုနဲ့ ၇နှစ်ပြည့်ပြီပဲ ။ သေသောသူ ကြာရင်မေ့ ဆိုတဲ့စကားက ကိုယ့်အတွက်မှားတယ် အမြဲလွမ်းတယ် ဘေးမှာ မရှိတော့မဲ့ စိတ်ထဲမှာ ရှိနေတုန်းပဲ ။ သူသိပ်ကြိုက်တဲ့ မုန့်ဟင်းခါး ကြက်ဥပြုတ် ကို ပဲဆီဆမ်း ကော်ဖီ နဲ့ သောက်တာ သူသိပ်ကြိုက်တာ မှတ်မိသေးတယ် ၂၁ နှစ်ပြည့်မွေးနေ့ လုပ်မလို့ ပြောတော့လေ မုန့်ဟင်းခါး ချက်ကျွေး ပါလားတဲ့ ကိုယ်က ညနေကြီးကို မုန့်ဟင်းခါး မကောင်းပါဘူး ဆိုပြီး ကြက်သားပလာတာ လုပ်လှူခဲ့တယ် ။၂၁ နှစ်ပြည့်ပြီး ၁လ မကြာဘူး ဆုံးတာပဲ" ဆိုပြီး အဘွားကြိုက်တတ်တဲ့ အရာလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးပြီး ပြောပြထားတာပါ။

play
Photo: ပိုပို FB

 

သူမရဲ့ အဘွားဆုံးတဲ့နေ့ကလည်း သူမမှာ ဖျော်ဖြေရေးတစ်ခု သွားနေရတာကြောင့် အဘွားရဲ့ နောက်ဆုံးအချိန်ကို မမီခဲ့လိုက်ဘူးတဲ့။

"သူဆုံးတဲ့နေ့က ကိုယ်က Underground show တခုသွားဆိုနေတာ ကိုယ်ထွက်သွားပီး တစ်နာရီလောက်ကြာတော့ ဆုံးတာပဲ။ အဲ့တုန်းက ဖုန်း မကိုင်နိုင်သေးတော့ ဆက်သွယ်လို့မရဘူး အဘွားကလဲဆီးချိုကြောင့် ရက်၂၀ လောက် ဦးနှောက်သွေးကြောပြတ် မေ့မျောသွားတော့ ဆုံးလဲဆုံးရော အသားတွေက ယိပြီး ပြုတ်ကျကုန်တော့ အသုဘ ချက်ချင်း ချလိုက်ကြတယ်။ ကိုယ် နောက်ဆုံး အချိန်တောင် မမှီခဲ့ဘူး ဆိုတော့ အဘွားဆုံးတာ ဘယ်လို ယုံမလဲ အဒေါ်အိမ်ကို ညာခေါ်သွားသလား လို့ပဲ ရူးမိုက်စွာ ယုံထားတယ် ။အဘွားဆုံးတာကြားကြားချင်း သမီး လုံးဝ မငိုဘူး။ ရင်ဘတ်ထဲ ပြည့်ကျပ်နေတာလား ဘာမှန်းမသိ ဒါပေမဲ့ ၆ လလောက် ငိုလိုက်ရတယ် ကမ္ဘာကြီးပျက်သွားသလိုပါပဲ အဘွားရယ် အိမ်မက်တွေမက်ရင် အဘွားနောက်ပြေးလိုက်သွားပြီး သမီးကို ပစ်ထားပီး ဘယ်လျှောက်သွားနေတာလဲ လွမ်းလိုက်တာ ဆိုပြီး စကားတွေလိုက်ပြောတယ်

play
Photo: ပိုပို FB

 

သူ့ကိုလွမ်းလို့ ကြောင်တောင်တောင်ဖြစ်ခဲ့ပြီး အိမ်မက်တွေ ခဏခဏ မက်ဖို့ပဲ ဆုတောင်းတယ် အဲ့ဒါမှတွေ့လို့ရတာကိုး " ဆိုပြီး အဘွားရဲ့ အကြောင်းလေးတွေကို ဇွန်လ(၁၂)ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးပြီး ပြောပြထားတာပါ။ အခုချိန်ထိ အဘွားဖြစ်သူကို တစ်ရက်မှ မမေ့ခဲ့သလို ပြန်တွေးတိုင်းလည်း အဘွားရဲ့ နောက်ဆုံးအချိန်လေးကို တွေးမိတိုင်း အသဲတွေ ကွဲနေရတယ်လို့ သူမက ပြောထားပါသေးတယ်။

ဒီနေ့လေးက သူမရဲ့ အဘွားဆုံးတာ (၇)နှစ်ပြည့်လေးဖြစ်တာကြောင့် အဘွားအတွက် အလှူအတန်းတွေလုပ်ရင်း အဘွားကို လွမ်းတဲ့အကြောင်းလေးတွေ စာစီပြီး ပြောထားတာတာလည်း ဖြစ်ပါတယ်။

play
Photo: ပိုပို FB

 

ပိုပိုဟာ ငယ်စဉ်ကတည်း သူမရဲ့ အဘွားရဲ့ လက်ပေါ်မှာတင် ကြီးပြီးခဲ့သူ တစ်ဦးဖြစ်သလို အဘွားကို သိပ်ချစ်တဲ့ မြေးမလေး တစ်ယောက် လည်း ဖြစ်ပါတယ်။ ပိုပိုဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူလည်း ဖြစ်ပါတယ်။ နေ့စဉ်သံဃာတော်များအတွက် ဆွမ်းဆပ်ကပ်လှူဒါန်း သလို မကြာခဏဆိုသလိုလည်း အလှူအတန်းတွေပြုလုပ်တက်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး ဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD