AD
AD
AD
play

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ဆီသို့ သရုပ်ဆောင် အိစိကွေးက သွားရောက်ခဲ့ပါတယ်။ အိစိကွေးက ဒီနေ့(ဇွန်လ၁၂ရက်)မှာ ကစ်ကစ်အတွက် ကစ်ကစ်စားချင်တာလေးတွေကို အိမ်ကနေ ချက်ထည့်သွားပြီးတော့ ဆေးဖိုးလေးလည်း တတ်နိုင်သလောက် ကူညီခဲ့တယ်လို့ သိရပါတယ်။

play

 

ကစ်ကစ်ဆီ သွားရောက်ခဲ့တဲ့ အကြောင်းလေးကိုလည်း အိစိကွေးရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

"အန်တီ ကစ် စားချင်တာလေးကို အိမ်ကနေချက်သွားတယ် ဆေးဖိုးလေးလှူခဲ့တယ်။ တွေ့လိုက်တာနဲ့ အတည်ပေါက်တွေနောက်တယ်။ အားပေးစကားတွေပြောခဲ့တယ်။ အရင်တိုင်းပဲ နှစ်ယောက်သား မျက်နှာပြောင်လို့ကောင်းတုန်း" ဆိုပြီး ဒီနေ့(ဇွန်လ၁၂ရက်)က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။ အိစိကွေးရဲ့ အလှူကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆိုကြပြီးတော့ ချီးကျူးထားကြပါသေးတယ်။

play

 

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကို ခံစားနေရရုံသာမက ကျောက်ကပ်ကပါ ဖြစ်နေတယ်လို့ သိရပါတယ်။ ဆီးချိုကြောင့် မျက်လုံးနှစ် လုံး စလုံးဟာ ကွယ်နေသလို ကျောက်ကပ်ကလည်း လုံးဝမကောင်းတော့ဘူးလို့ သိရပါတယ်။ အခုလက်ရှိမှာ ကစ်ကစ်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူလျက်ရှိပါတယ်။

အိစိကွေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဝင်းနိုင်(အနုပညာ)ဆေးရုံတက်နေရတဲ့သတင်းကို ကြားကြားချင်း သွားရောက်ကူ ညီခဲ့ပါသေးတယ်။

play

 

အသက် ၄ နှစ်ခွဲအရွယ်ကတည်းက သရုပ်ဆောင်အလုပ် လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေ အားပေးရ ကျိုးနပ်အောင်လည်း ထပ်ကြိုးစားသွားဦးမယ်လို့ သိရပါတယ်။ ကျောင်းပညာရေးကို ဦးစားပေးနေရတဲ့ သူ့အနေနဲ့ အနုပညာအလုပ်တွေကို တဖြည်းဖြည်းနဲ့ ဆက်လုပ်နေဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD