AD
AD
AD
play
Photo : ခွန်းဆင့်နေခြည် FB

 

သရုပ်ဆောင် ခွန်းဆင့်နေခြည်ဟာ လူတစ်ယောက် သူ့ကို မိုက်ရိုင်းစော်ကားနေရင်တော့ အဲ့ဒီလူကို ဘယ်တော့မှ Block မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ သူမဟာ လက်ခံကျင်းသုံးတဲ့ သည်းခံခြင်းရဲ့ ရလဒ်အကြောင်းကိုလည်း သူမရဲ့ ပရိသတ်တွေ အတွက် ဝေမျှပေးထားတာ တွေ့ရပါတယ်။

play
Photo : ခွန်းဆင့်နေခြည် FB

 

"လူတစ်ယောက် ကိုယ့်ကိုမိုက်ရိုင်းစော်ကားနေရင်တောင် အဲ့လူကို ဘယ်တော့မှ block မလုပ်ခဲ့ဘူး နောက်ပိုင်း တဖြေးဖြေးနဲ့ အကြောင်းသိလာတော့ သူယဉ်ပါးသွားပြီး ယဉ်ကျေးလာတယ် သီးခံမှုကိုနားလည်သွားပြီး သူကိုယ့် Fans တစ်ယောက်အဖြစ်ရပ်တည်ပေးသွားတယ် ဒါသည်းခံခြင်းရဲ့ ရလဒ်ကောင်းတစ်ခုပါပဲ " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဇွန်လ(၁၂) ရက်နေ့က ရေးသားထားတာပါ။

play
Photo : ခွန်းဆင့်နေခြည် FB

 

ခွန်းဆင့်နေခြည်ဟာ သူမရဲ့ လှုပ်ရှားမှုလေးတွေကို ဖေ့စ်ဘွတ်ကနေ တစ်ဆင့်ပရိသတ်တွေ အသိပေးဖြစ်သလို သူမရဲ့ အတွေးအမြင် စာစုလေးတွေကိုလည်း အမြဲတမ်း တင်ဖြစ်တာ တွေ့ရပါတယ်။ ခွန်းဆင့်ဟာ လက်ရှိမှာ သူမပါဝင်ထားတဲ့ "မှော်ဝင်သမန်းကျား" ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသဖို့အတွက် အားစိုက်နေတာကို တွေ့ရပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးပုံဖော်ထားတဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားမှာဆိုရင် ရန်အောင်၊ မင်းမော်ကွန်း၊သူထူးစံ၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခွန်းဆင့်နေခြည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

play
Photo : ခွန်းဆင့်နေခြည် FB

 

ခွန်းဆင့်နေခြည် ရိုက်ကူးထားတဲ့ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ ၊ မိုင်တိုင် ၇၆ ဇာတ်ကားများဟာ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်ဟာ သရုပ်ဆောင် ဦးကျော်ဟိန်းရဲ့ သွန်သင်မှုများနဲ့အတူ အနုပညာလောကထဲကို ထဲထဲဝင်ဝင်ခြေချခွင့်ရခဲ့သူပါ။ သူမဟာ အခုလက်ရှိမှာ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ပေမယ့် နောက်ပိုင်း ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် ဇာတ်တွေ ရွေးနေတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောပြခဲ့ဖူးပါတယ်။

ခွန်းဆင့်နေခြည်က သရုပ်ဆောင်ဘက်မှာသာမက စာလာလာမဖတ်နဲ့ တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် မင်းသမီး ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အတွက်လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေခံစားရဦးမှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD