AD
AD
AD
play
Photo : ဦးမန်းဝင်း FB

 

ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်းဆီသို့ သင်ဇာဝင့်ကျော်တစ်ယောက် ရောက်သွားခဲ့ပါတယ်။ အိမ်အထိရောက်လာပြီး ဆေးဖိုးလာလှူပေးတဲ့ သင်ဇာဝင့်ကျော်ကို ဦးမန်းဝင်းက ယခုလို ဆုတောင်းစကားတွေ ပြောထားပါသေးတယ်။

"ဒီ​နေ့ ကိုယ်​တိုင်​ကိုယ်​ကျ ဦးမန်းအတွက်​ လိုအပ်​​သော ဆေးဖိုး​ငွေ လ​လာ​ရောက်​လှူဒါန်း​ပေး​သော ရုပ်​ရှင်​နှင့်​ ဗွီဒီယိုသရုပ်​​ဆောင်​ သမီး​လေး သင်​ဇာဝင့်​​ကျော်​အား အထူးပဲ ​ကျေးဇူးတင်​ရှိပါတယ်​။သမီး​လေးလဲ အနုပညာလုပ်​ငန်းမှာ အခုထက်​ပို ​အောင်​မြင်​​ကျော်​ကြားပါ​စေ။ အလုပ်​အကိုင်​​တွေလည်း အဆင်​​ပြေတိုးတက်​ပြီး သွားလမ်းသာလို့ လာလမ်း​ဖြောင့်​ပါ​စေကွယ်​။ ဤ​ကောင်းမှု့​ကြောင့်​ နတ်​ လူ သာဓု ​ခေါ်​စေ​သော်​" ဆိုပြီး ဦးမန်းဝင်းရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဇွန်လ(၁၃) ရက်နေ့ က ရေးသားထားတာ တွေ့ရပါတယ်။

play
Photo : ဦးမန်းဝင်း FB

 

သင်ဇာဝင့်ကျော်ရဲ့ လှူဒါန်းမှုလေးကို ဦးမန်းဝင်းရဲ့ သမီးဖြစ်သူ ဟေမာမန်းဝင်းလေးက ယခုလို ပြောထားပါသေးတယ်။

"အိမ်ထိ ကိုယ်တိုင်လာပြီး ဖေကြီးကိုဆေးဖိုးလှူဒါန်းသွားတဲ့ ညီမလေး သင်ဇာဝင့်ကျော်ကို ကျေးဇူးတင်ပါတယ်။ ဒီထက်မကလှူဒါန်း နိုင်ပြီး အောင်မြင်မှုတွေအများကြီးရပြီးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။ ညီမလေးအိမ်ကိုလာပြီး ညီမလေးပေးမယ့် အဝတ်အစားလေးတွေ လာသယ်အူးမျယ်နော် ညီမလေး။" ဆိုပြီး သင်ဇာဝင့်ကျော်ကို Tag ပြီး ပြောထားတာ တွေ့ရပါတယ်။

play
Photo : သင်ဇာဝင့်ကျော် FB

 

သင်ဇာဝင့်ကျော်ဟာ အလှူအတန်းတွေ ပြုလုပ်ပေမယ့်လည်း သူမပြုလုပ်တဲ့ အလှူအတန်းတွေနဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြလေ့ မရှိပါဘူး။ ဒီနေ့ လှူဒါန်းတဲ့ အလှူနဲ့ ပတ်သက်ပြီးတော့လည်း ဦးမန်းဝင်းနဲ့ ဟေမာမန်းဝင်းတို့ရဲ့ ဖေ့စ်ဘွတ်မှာ တင်မှသာ သိခဲ့ရတာပါ။

သူမရဲ့ ပရိသတ်တွေက သူမရဲ့ စိတ်ဓာတ်လေးနဲ့ ဒီနေ့အလှူအတွက် သာဓုခေါ်ဆိုနေကြတဲ့ သူတွေရှိသလို ချီးကျူးထားကြတဲ့ ကောမန့်တွေကလည်း အများကြီး ရှိလို့နေပါတယ်။ ဝါရင့်အနုပညာရှင်ကြီး ဖြစ်တဲ့ ဦးမန်းဝင်းဟာ အဆုတ်အားနည်းတဲ့အတွက် အောက်ဆီဂျင်က အမြဲမပြတ်ပေးနေရပြီး  ကျောက်ကပ်ဆေးနေရတာ အကြိမ် (၂၀၀)ကျော်လောက် ရှိပြီလို့ သိရပါတယ်။

play
Photo : သင်ဇာဝင့်ကျော် FB

 

သင်ဇာဝင့်ကျော်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ နောက်ပိုင်းမှာ သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။

မကြာခင် သူမပါဝင်ထားတဲ့ "တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသတော့မယ်လို့လည်း သိရပါတယ်။ ယင်းရုပ်ရှင်ဇာတ်ကားကို ဇူလိုင်(၆) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ တိုးကျော်မန်းနဲ့နန်းဆန်တဲ့ရွာ ရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲအောင်နဲ့ သင်ဇာဝင့်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပြီး အနုပညာရှင်တွေများစွာ ပါဝင်ထားကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD