AD
AD
AD
play

 

စိုးမြတ်နန္ဒာက ညီအစ်မတွေနဲ့အတူ သီချင်းတွေ တိုက်နေပါတယ်။ သီချင်းတွေကို သိပ်မကြိုက်တဲ့ စိုးမြတ်နန္ဒာက ညီအစ်မတွေနဲ့ သီချင်းထွက်ဖို့ ပြင်ဆင်နေတဲ့ ပုံလေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ တင်ထားတာ တွေ့ရပါတယ်။ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင်တို့နဲ့ သီချင်းတိုက်နေတဲ့ စိုးမြတ်နန္ဒာက သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဓာတ်ပုံလေးတွေအပြင် ယခုလို စာသားလေးကိုလည်း ရေးသားထားပါတယ်။

"သီချင်းသွင်းကြလေသတည်း ..သီချင်းတွေသိပ်ကြိုက်ပေမဲ့ ဆိုဖို့ဆိုရင် ဘယ်ကနေစဆိုရမှန်းတောင်မသိတဲ့ ဘဝ မို့ သီချင်းထွက်လာရင် သည်းခံပါကုန်.. အဆိုတော်တဲ့ ညီမတွေက သင်ပေးလို့တော်သေးရဲ့" ဆိုပြီး ဇွန်လ(၁၂)ရက်နေ့က ရေးသားထားတာဖြစ်ပါတယ်။

play

 

စိုးမြတ်နန္ဒာ တင်ထားတဲ့ ပုံလေးတွေထဲမှာဆိုရင် စိုးမြတ်သူဇာနဲ့ သူမကို ဒီးဒီနဲ့ စိုးပြည့်တို့က သီချင်းဆိုပုံ ဆိုနည်းလေးတွေကို သင်ပေးနေတာ တွေ့ရပါတယ်။ နာမည်ကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ သူတို့ ညီအစ်မတွေက ပရိသတ်တွေအတွက် ဘယ်လိုမျိုး ထူးခြားတဲ့  ရသလေးတွေ ပေးစွမ်းဦးမလဲဆိုတာ မကြာခင် သိရတော့မှာပါ။

သူတို့ ညီအစ်မတွေဟာ အနုပညာလောကမှာ အောင်မြင်မှု ကိုယ်စီ ရရှိနေသူတွေပဲ ဖြစ်ပါတယ်။ သူတို့တွေထဲမှာ အကြီးဆုံး အမဖြစ်တဲ့ စိုးမြတ်သူဇာဟာ ဆိုရင် သရုပ်ဆောင်လောကမှာ  ဆယ်စုနှစ်များစွာ အောင်မြင်မှု ရရှိနေတဲ့ ဝါရင့်အနုပညာရှင်ကြီး တစ်ယောက်ဖြစ်ပါတယ်။ မကြီးစိုးလို့ အနုပညာလောကသားတွေရဲ့ ချစ်စနိုးခေါ်ခြင်းခံရတဲ့ စိုးမြတ်သူဇာဟာ ၁၉၉၄ခုနှစ်က နော်ရင်မွှေး ၊ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ် ဇာတ်ကားတို့နဲ့ အကယ်ဒမီဆုတွေကို ရရှိခဲ့သူတစ်ဦးပါ။

play

 

မကြီးစိုးလိုပဲ အနုပညာလောကမှာ အချိန်အတိုင်းအတာ တစ်ခုထိ အောင်မြင်ခဲ့သူက စိုးမြတ်နန္ဒာပါ။ ဒါဒါလို့ သူ့ကိုယ်ကို ပြောတတ်သူ တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူ တစ်ယောက်ပါ။ ယခုလက်ရှိမှာတော့ သားဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်လျက်ရှိပါတယ်။ သူမဟာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပဲ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဖြစ်နေသူလည်း ဖြစ်ပါတယ်။

play

သူတို့လေးယောက်ထဲမှာ အငယ်နှစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်တို့က ယခုလက်ရှိအချိန်ထိ ပရိသတ်အားပေးမှု ရရှိနေတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။  ဒီးဒီဟာ ဂီတလောကမှာ ပရိသတ်အားပေးမှု ရရှိနေသူ တစ်ဦးဖြစ်ပြီး စိုးပြည့်က ဂီတကော သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်နေသူပါ။ စိုးပြည့်ဟာ အသက်(၁၈)နှစ်နဲ့ အကယ်ဒမီဆုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD