AD
AD
AD
play
Photo : ကျော်ဇင်ထွဋ် FB

 

လူသိများတဲ့ သရုပ်ဆောင် ကျော်ဇင်ထွဋ်တစ်ယောက် သူ့ရဲ့ မိသားစုဘဝလေးအကြောင်းကို ရင်ဖွင့်ထားတာ တွေ့ရပါတယ်။ ဇွန်(၁၃) ရက်နေ့က သူ့ရဲ့ဘဝထဲကနေ မိသားစုလေးကို အပြီးအပိုင် ထွက်ခွာသွားခွင့်ပေးလိုက်ပါပြီတဲ့။ သူ့ရဲ့ ဘဝထဲမှာ သူတစ်ယောက်ထဲ ပြန်ဖြစ်သွားပြီဆိုတဲ့အကြောင်းကို ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

"13-6-2018 ရန်ကုန်ဖေချစ်၎ကောင်ကြွက်မိသားစုလေး ကို ရန်ကုန်ဖေချစ် ဘဝကနေ အပြီးအပိုင်ထွက်ခွာသွားခွင့်ပေးလိုက်ရပြီဖြစ်ပါအိ ။ ကျွန်တော့ဘဝမှာ ကျွန်တော်တစ်ယောင်ထဲ ပြန်ဖြစ်သွားပြီဗျာ ... ဝဋ်ကြွေးတွေ ရှိရင် ဒီဘဝ ဒီမျှသာ ရှိပါစေတော့လို့ ရန်ကုန်ဖေချစ် ယုံကြည်အားကိုးခဲ့တဲ့ 100% မြတ်ဗုဒ္ဓ ဘုရား ကို နောက်ဆုံးအနေ နဲ့ ဆုတောင်းလိုက်ပါအိ"ဆိုပြီး ကျော်ဇင်ထွဋ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၁၃) ရက်နေ့က ရေးသားထားတာပါ။

play
Photo : ကျော်ဇင်ထွဋ် FB

 

သူ့ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ရင်းနဲ့ မိသားစုကို အ ပြီးအပိုင်နှုတ်ဆက်လိုက်ပါပြီလို့ ဆိုပါတယ်။ မိသားစုဘဝလေးကို စွန့်လွှတ် လိုက်ရတဲ့ ကျော်ဇင်ထွဋ်အတွက် ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ဒီနေ့(ဇွန်လ၁၄)ရက်နေ့မှာလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အဖိုးအဖွား အဖေမေတို့ရဲ့ မန်၊မာနအားပြိုင်မှုတွေမှာ လမ်းပျောက်သွားရှာတဲ့ သမီးလေးနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်နေတယ်ဆိုပြီး ရေးထားပါသေးတယ်။

"14-6-2018 အဖိုးအဖွား ၊ အဖေအမေ တွေရဲ့ မန် ၊ မာန အားပြိုင်တဲ့ ကစားကွက်တွေထဲမှာ ကျွန်တော့သမီးလေးနှစ်ယောက် လမ်းပျောက်သွားရှာအိ ။ မှတ်ချက် ။ ။ စိတ်ထားလေးတွေဖြူပြီး အပြစ်ကင်းစင်နေသေးတဲ့ သမီးလေးနှစ်ယောက် ကံကောင်းပါစေလို့ပဲ အဖေတစ်ယောက်အနေ နဲ့ စိတ်ထဲကနေပဲ 100%မြတ်ဗုဒ္ဓ ကို ဆုတောင်းပေးနေပါအိ" ဆိုပြီး ပြောထားပြန်ပါတယ်။

play
Photo : ကျော်ဇင်ထွဋ် FB

 

အရာရာအားလုံးဟာ သူအသုံးမကျလို့ ဖြစ်ခဲ့ရတာကြောင့် အဖေ့ကို အဝေးကနေ ခွင့်လွှတ်နားလည်ပေးကြဖို့ကိုလည်း တောင်းဆိုထား ပါသေးတယ်။ ကျော်ဇင်ထွဋ်ဟာ သူ့ရဲ့ သမီးတွေနဲ့ ပတ်သက်လို့ အမြဲတမ်း ဂုဏ်ယူနေသူပါ။ ပညာရေးမှာ ထူးချွန်လှတဲ့ သမီးလေးတွေအကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြလေ့ရှိပါတယ်။

အခုချိန်မှာ ကျော်ဇင်ထွဋ်တစ်ယောက် ဘယ်လောက်တောင် ခံစားနေရမလဲဆိုတဲ့အတွေးနဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD