AD
AD
AD
play
Photo : ခွန်းဆင့်နေခြည် FB

 

သရုပ်ဆောင် ခွန်းဆင့်နေခြည်က သူမရဲ့ လက်ဦးဆရာဖြစ်တဲ့ ဦးကျော်ဟိန်းပြောပြခဲ့ဖူးတဲ့ အကြောင်းအရာလေးတစ်ခုကို သူမရဲ့ သူငယ်ချင်း တွေ ပရိသတ်တွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။  ဦးကျော်ဟိန်း မင်းသားလုပ်ခါစ မင်းသားပေါက်စ ဘဝက တွေ့ကြုံခဲ့တဲ့ အကြောင်း အရာလေး တစ်ခုကို သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ယခုလို ပြန်ပြောပြခဲ့တာပါ။

play
Photo : ခွန်းဆင့်နေခြည် FB

 

"ကျွန်မဆရာဦးကျော်ဟိန်းကပြောဖူးတယ် သူမင်းသားလုပ်ခါစ မင်းသားပေါက်စဘဝက နယ်ထွက်ပြီးကားရိုက်ကြတဲ့အခါ မင်းသား မင်းသမီးနဲ့ပါဝင် သူအားလုံး ရထားစီးလုံးဌားပြီး သွားကြရတယ်တဲ့ သူကမင်းသားပေါက်စနာမည်မရှိသေးတော့ သူ့အထုတ်လေး သူပိုက်ပြီးရထားနဲ့ လိုက်လာတဲ့အခါ ဒီလောက်ဝေးလံတဲ့ ခရီးမှာသူ့အတွက် ထိုင်ခုံမရရှာဘူး။ သူ့အတွက်ထိုင်ခုံမရပေသော်ငြားလည်း အဲ့ဒီ့ အချိန်ကလျှမ်းလျှမ်းတောက် နာမည်ကြီးအောင်မြင်နေတဲ့ မင်းသမီးကြီးတစ်ယောက်က ထိုင်ခုံကို နှစ်ယောက်စာယူထားပြီး တစ်ယောက်ထဲထိုင်နေပါတယ် သူက အဲ့မင်းသမီးကြီးရဲ့ရှေ့မှာ ခပ်ကုတ်ကုတ် မတ်တပ်လေးရပ်ပြီး တစ်လမ်းလုံးပင်ပန်းစွာ လိုက်ပါလာ ရပေမယ့် အဲ့မင်းသမီးကြီးက သူ့ဘေးကလူမရှိတဲ့ ထိုင်ခုံကိုလုံးဝပေး မထိုင်ခဲ့ပါဘူးတဲ့ ထိုင်ပါရစေလို့ပြောတာတောင် မျက်နှာထား ခပ်တင်းတင်းနဲ့  မရဘူး ဒါငါ့နေရာလို့ပြန်ပြောလိုက်လို့ သူ့ခဗျာ ရန်ကုန်မန္တလေးလိုလမ်းမျိုးမှာ တစ်လမ်းလုံး အထုတ်လေးပိုက် မတ်တပ်လေး ရပ်ပြီး စီးခဲ့ရတာမျိုးပါတဲ့ သူ့ရဲ့မှတ်မိနေတဲ့ဖြစ်ရပ်တစ်ခုကို ကျွန်မကိုပြောပြခဲ့ဖူးတယ်" ဆိုပြီး ဇွန်လ(၁၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ပြန်ပြောပြထားတာ ဖြစ်ပါတယ်။

play
Photo : ခွန်းဆင့်နေခြည် FB

 

အသစ်အသစ်တွေကို ဖေးမတွဲခေါ်မှု မရှိသလောက် ရှားခဲ့တာဟာ အခုမှ မဟုတ်ဘူးဆိုတာ ဟိုးအရင်ခေတ်ကတည်းကပါဆိုပြီး ဆရာဖြစ်သူရဲ့ အတွေ့အကြုံသက်သေနဲ့တကွ  ခွန်းဆင့်နေခြည်က ပြလိုက်တာ ဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်ဟာ လက်ရှိမှာ သူမပါဝင်ထားတဲ့ မှော်ဝင်သမန်းကျား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသဖို့အတွက်  ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အဲ့ဒီဇာတ်ကားကို ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ရန်အောင်၊ မင်းမော်ကွန်း၊သူထူးစံ၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခွန်းဆင့်နေခြည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

play
Photo : ခွန်းဆင့်နေခြည် FB

 

ခွန်းဆင့်နေခြည် ရိုက်ကူးထားတဲ့ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ ၊ မိုင်တိုင် ၇၆ ဇာတ်ကားများဟာ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်ဟာ သရုပ်ဆောင် ဦးကျော်ဟိန်းရဲ့ သွန်သင်မှုများနဲ့အတူ အနုပညာလောကထဲကို ထဲထဲဝင်ဝင်ခြေချခွင့်ရခဲ့သူပါ။ သူမဟာ အခုလက်ရှိမှာ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ပေမယ့် နောက်ပိုင်း ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် ဇာတ်တွေ ရွေးနေတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောပြခဲ့ဖူးပါတယ်။

ခွန်းဆင့်နေခြည်က သရုပ်ဆောင်ဘက်မှာသာမက စာလာလာမဖတ်နဲ့ တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် မင်းသမီး ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အတွက်လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေခံစားရဦးမှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD