AD
AD
AD
play

 

ဒါရိုက်တာ လောကမှာ နေရာတစ်နေရာ ခိုင်ခိုင်မာမာရရှိလာတဲ့ သားညီဟာ သရုပ်ဆောင် ဘဝကို အရမ်းပြန်လွမ်းနေတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် သူငယ်ချင်းတွေ နယ်တွေထွက်ပြီး ဇာတ်ကားရိုက်ကူးနေတယ်ဆိုတဲ့ သတင်းတွေ ကြားရမြင်ရတာ အရမ်းကို အားကျမိတယ်တဲ့။ ဟိုးအရင် အကိုရှိတုန်းက ပြင်ဦးလွင်မှာ အကြာကြီးနေပြီး သရုပ်ဆောင်ဘဝနဲ့ ကားတွေ ရိုက်ခဲ့ရတဲ့ အချိန်လေးတွေကို ပြန်လွမ်းတယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

play

 

"သူငယ်ချင်း သရုပ်ဆောင်တွေ နယ်တွေမှာထွက်ပြီး ကားရိုက်နေတဲ့ သတင်းတွေကြားရမြင်ရရင် အရမ်းအားကျမိတယ်။ သူတို့ကို ကြည့်ရတာ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်နေလိုက်ကြတာ ဟိုးအရင် အစ်ကိုရှိတုန်းက ပြင်ဦးလွင်မှာ အကြာကြီးနေပြီး သရုပ်ဆောင်ဘဝနဲ့ ကားတွေ ရိုက်ခဲ့တဲ့အချိန်လေးကို ပြန်လွမ်းမိတယ် ။ ဘာအပူအပင်မှမရှိပဲ ဇာတ်ကောင်စရိုက်အပေါ်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ဖို့ပဲ အာရုံထားခဲ့ကြတာလေ" ဆိုပြီး ဇွန်လ(၁၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

အခုချိန်မှာ သူ့အနေနဲ့ မတောက်တစ်ခေါက် ဒါရိုက်တာ ဘဝမှာ ဘာမှန်းမသိတဲ့ ပြဿနာတွေကြား ခဏခဏ ညပ်လာရတယ်တဲ့။ တာဝန်ခံမှု တွေနဲ့ ဘဝက ဘာမှန်းမသိတော့တာကြောင့် အခုဘဝကြီးကို သူမလိုချင်တော့ဘူးလို့လည်း ရင်ဖွင့်ထားပါသေးတယ်။

"အခု မတောက်တစ်ခေါက် ဒါရိုက်တာ ဘဝမှာ ဘာမှန်းမသိတဲ့ ပြဿနာတွေကြား ခဏ ခဏ ညပ်လာရတယ် ။ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ ဘဝကဘာမှန်းမသိတော့ဘူး။ ဟိုးအရင် ကလို  ရူးတူးတူးပေါတောတောနဲ့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ခွင့်ရတဲ့ သရုပ်ဆောင်သား ညီဘဝလေးကို အရမ်းပြန်လွမ်းတယ်။ အမှန်အတိုင်း ဝန်ခံရရင် အခုဒီဘဝကြီးကို ကျွန်တော်မလိုချင်တော့ဘူး ။ပျော်လည်းမပျော်တော့ဘူး သားညီ ။14.6.2018" ဆိုပြီး သူ့ရဲ့ အကောင့်မှာ ရေးသားထားတာပါ။

play

 

ဒါရိုက်တာသားညီဟာ သရုပ်ဆောင်ဒွေး(ခ) ကိုသားကြီးရဲ့ ချစ်လှစွာသော ညီအရင်းတစ်ယောက်ဖြစ်ပါတယ်။ အရင်က သရုပ်ဆောင် အလုပ်တွေ ကိုလည်း အစ်ကိုဖြစ်သူနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့ပါသေးတယ်။ ဒွေးသေဆုံးသွားပြီးတဲ့နောက် သားညီကလည်း အနုပညာလောကနဲ့ အနည်းငယ် ဝေးကွာသွားခဲ့ပါသေးတယ်။ ခုနောက်ပိုင်းမှာတော့ အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။

သားညီအနေနဲ့ သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ။်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD