AD
AD
AD
play
Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

ပဲခူးတိုင်း ကဝမြို့နယ် သက္ကလမြို့ ထီးတန်ရွာမ ကျေးရွာအတွက် ဖွဲမီးသဂြိုလ်စက်တည်ဆောင်ဖို့အတွက် အကယ်ဒမီသရုပ်ဆောင်မြင့်မြတ်က အဆိုတော် ထူးအယ်လင်းဆီမှာ ငွေကျပ် ဆယ်သိန်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုတော် ထူးအယ်လင်းဟာလည်း လတ်တလော မှာ အလှူအတန်းနဲ့ ပတ်သက်ပြီး အားတက်သရော ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

'' ပဲခူးတိုင်း ကဝမြို့နယ် သက္ကလမြို့ ထီးတန်ရွာမကျေးရွာအတွက် ဖွဲမီးသဂြိုလ်စက်တည်ဆောက်ဖို့အလှူရှင်ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီမြင့်မြတ်မှ - ၁၀၀၀၀၀၀(ဆယ်သိန်းကျပ်) လှူဒါန်းပါတယ်။ ကျွန်တော်ကြုံတွေ့ဘူးတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေထဲမှာ ရိုးရှင်းပြီး ချစ်ခင်စရာကောင်းတဲ့ ဇာတ်လိုက် ယခုထက်ပို၍သာသော ကျမ်းမာခြင်း ဉာဏ်ပညာခွန်အားဗလကြီးမားခြင်း ကုသိုလ်ကောင်းမှု အစဉ်မပျက်ခြင်း ကောင်းကျိုးအဖြာဖြာနှင့် အောင်မြင်မှူပန်းတိုင်ဆက်လက် ဆွတ်ခူးနိုင်ပါစေဗျာ။ သာဓု သာဓု သာဓု'' ဆိုပြီးတော့ အဆိုတော် ထူးအယ်လင်းရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ ၁၄ ရက်နေ့ မနက် ၈ နာရီ ၂ မိနစ်က တင်ခဲ့တာဖြစ်ပါတယ်။

play
Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

ထူးအယ်လင်းဟာ မကြာသေးခင်ကလည်း တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ အရှေ့ဘက်မှာရှိတဲ့ ရှမ်းတကူဆိပ် ကျေးရွာ မှာရှိတဲ့ နာရေးကူညီမှု အသင်း အတွက် လူနာတင်ယဉ်ကားတစ်စီး လှူဒါန်းခဲ့ပါသေးတယ်။ အဲ့ဒီနောက် လှည်းကူးမြို့နယ်၊ ပဒဲကော ကျောက်အိုင်ကျေးရွာမှာရှိတဲ့ ကျိုက်ငွေနှောင်းစေတီတော်မြတ်ကြီးရဲ့ ဘုရားဝင်းအတွင်း သိမ်ကျောင်းဆောက်လုပ်လှူဒါန်းမှုအတွက်လည်း အလှူငွေတွေ ကောက်ခံ နေသေးတယ်လို့ သိရပါတယ်။

play
Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

အဆိုတော် ထူးအယ်လင်းဟာ  တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးအတွက် သယ်ဆောင်ရန် ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင် လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD