AD
AD
AD
play
Photo : ခိုင်သင်းကြည် FB

 

ခိုင်သင်းကြည်ဟာ ဘာသာရေးနဲ့ ပတ်သက်လာရင်  ဘယ်တော့မှ နေရာရွေးသူ မဟုတ်ပါဘူး။ကုသိုလ်ရေးမှာလည်း လက်မနှေးသူ ဖြစ်သလို ဘာသာရေးကိုလည်း နေ့စဉ်နေ့တိုင်းမပြတ်အောင် ဆောင်ရွက်တတ်သူလည်း ဖြစ်ပါတယ်။ ဇွန်လ(၁၄) ရက်နေ့ကလည်း ဇာတ်ကားရိုက်ကူး ရေး လုပ်နေတဲ့ ရွာက ဘုန်းကြီးကျောင်းမှာ ဘုရားပန်းကပ်လှူပူဇော်နေတဲ့  ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့သလို ဘုရားပန်းကပ် လှူပူဇော်ပြီးတော့ ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့တယ်ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။

play
Photo : ခိုင်သင်းကြည် FB

 

သူမတင်ထားတဲ့ ပုံလေးတွေမှာဆိုရင် သူကိုယ်တိုင် ဘုရား ပန်းအိုးတွေကို သေချာဆေးကျောပြီး ဘုရားပန်း ကပ်လှူပူဇော်ခဲ့တာပါ။ ပရိသတ်တချို့ကတော့ ဘုရားပန်းကပ်လှူတာဟာ ဇာတ်ဝင်ခန်းအတွက်လိုအပ်လို့ လုပ်တာလား အပြင်မှာ တကယ်လှူနေတာလားဆိုပြီး မေးထားကြပါသေးတယ်။ အဲ့ဒီမေးခွန်းလေးကိုလည်း ခိုင်သင်းကြည်က ဇာတ်ဝင်ခန်း မဟုတ်ကြောင်း ကောမန့်မှာ ပြန်ပြီး ဖြေဆိုပေး ထားပါတယ်။ သူမရဲ့ အလှူလေးအတွက် ပရိသတ်တွေက သာဓုခေါ် ကုသိုလ်ယူနေကြတာတွေက ကြည်နူးစရာပါ။

play
Photo : ခိုင်သင်းကြည် FB

 

ခိုင်သင်းကြည်က လက်ရှိမှာ လူလည်ကြီးများရွာ ဆိုတဲ့  ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပါတယ်။

စာရေးဆရာ အကြည်တော်ရဲ့ နာမည်ကြီး ဝတ္ထုဖြစ်တဲ့ "လူလည်ကြီးများရွာ" ဝတ္ထုကို ဒါရိုက်တာ ကိုပေါက်က ရုပ်ရှင်အဖြစ် ပုံဖော်နေတာပါ။ ယင်းရုပ်ရှင်ဇာတ်ကားကို ဝါရင့်အနုပညာတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ပြေတီဦး၊ခိုင်သင်းကြည်၊ အိချောပို၊ ဒိန်းဒေါင်၊ ဗေလုဝ တို့အပြင် အခြားသော အနုပညာရှင်တွေများစွာ ပါဝင်ထားတယ်လို့ သိရပါတယ်။

play
Photo : ခိုင်သင်းကြည် FB

 

လူလည်ကြီးများရွာ ဝတ္ထုဟာ စာရေးဆရာ အကြည်တော် ရေးထားတဲ့ ဝတ္ထုတွေထဲက အောင်မြင်တဲ့ ဝတ္ထုတစ်ခုဆိုလည်း မမှားပါဘူး။ စာအုပ်ဖတ်ရုံနဲ့တင် တော်တော်ကို ဆွဲဆောင်နိုင်သလို တော်တော်ရယ်ရတဲ့ ဝတ္ထုလည်း ဖြစ်ပါတယ်။ အဲ့ဒီဝတ္ထုကို တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုပေါက်ကဝါရင့်အနုပညာရှင်တွေနဲ့ ဘယ်လိုပုံဖော်ရိုက်ကူးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့း ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို  ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD