AD
AD
AD
play
Photo: လှအဉ္ဇလီတင့် ဖေ့စ်ဘွတ်

 

မျက်လုံးဝိုင်းဝိုင်း၊ မျက်နှာပြည့်ပြည့်လေး နဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ သရုပ်ဆောင် လှအဉ္ဇလီတင့် ကတော့ သူ့အနေနဲ့ တစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေရချိန်မှာ ဘုရားတရားအလုပ်တွေလည်း လုပ်ဖြစ်နေသလို မုန့်လုပ်နည်း သင်တန်းလည်း တက်နေတယ်လို့ သိရပါတယ်။

''ကိတ်မုန့် တွေ ရမယ် ပေါင်မုန့် တွေ ရမယ် နော်။  ချစ်တဲ့အမတယောက် သင်တန်းတက်နေတာနဲ့ စိတ်ဝင်စားပြီး လိုက်တက် လိုက်တယ်လေ။ သင်တန်းတစ်ခု ကို ၂ ရက်တည်း ရက်တိုပဲဆိုတော့ အဆင်ပြေတယ်။ ပျော်စရာလည်းကောင်းတယ်။ မုန့်တွေအကြောင်းလည်း ပိုပြီး သိရတယ်" ဆိုပြီးတော့ လှအဉ္ဇလီတင့်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၁၄ ရက်နေ့ ည ၁၀ နာရီ ၄ မိနစ်အချိန်က အမှတ်တရ ပုံလေးတွေနဲ့ တကွ တင်ခဲ့တာဖြစ်ပါတယ်။

play
Photo: လှအဉ္ဇလီတင့် ဖေ့စ်ဘွတ်

 

မျက်လုံးဝိုင်းဝိုင်း၊ မျက်နှာပြည့်ပြည့် နဲ့ ဆံပင်ရှည်ရှည်ပုံစံလေးတွေနဲ့ ချစ်စရာကောင်းခဲ့တဲ့ လှအဉ္ဇလီတင့်ကိုတော့ သူ့ရဲ့ ပရိသတ်တွေက ဒီနေ့ အထိတိုင် ချစ်ခင်အားပေးဆဲဖြစ်ပါတယ်။ သူ့အနေနဲ့ သရုပ်ဆောင်မှုအပိုင်းတွေမှာလည်း အရမ်းကိုတော်တဲ့ မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်ရင်ထဲကို ရောက်ခဲ့ပါတယ်။

play
Photo: လှအဉ္ဇလီတင့် ဖေ့စ်ဘွတ်

 

ဘာသာရေး ပိုလုပ်ဖြစ်နေတဲ့ လှအဉ္ဇလီတင့်ကတော့ အနုပညာအလုပ်တွေကို မလုပ်တော့တာ ကြာပြီ ဖြစ်သလို နောက်ထပ်လည်း အနုပညာ အလုပ်တွေကို လုံးဝလုပ်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အနုပညာအလုပ်တွေကို အတိုင်းအတာတစ်ခုအထိ လုပ်ခဲ့ပြီးသွားပြီ ဖြစ်ကာ ယခုလို နားလိုက်တဲ့အခါမှာလည်း ဘုရားတရားဘက် ပိုပြီး အားစိုက်ကာ လုပ်ဖြစ်နေတယ်လို့ သူမက ဆိုပါသည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD