AD
AD
AD
play
Photo: ဟန်လေးဖေ့စ်ဘွတ်

 

လတ်တလော Miss ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေရဲ့ အမျိုးမျိုးဝေဖန်နေကြပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး Miss Universe Mandalay ဆုရရှိထားတဲ့ ဟန်လေးကတော့ ဝေဖန်တယ်ဆိုတာ ပရိသတ်တွေရဲ့ အလုပ်ပါတဲ့။ လက်ခံတာ လက်မခံတာက ကိုယ့်အလုပ်ပါ ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' သူတို့အနေနဲ့ ဝေဖန်ပိုင်ခွင့်ရှိတယ်၊ ဒီစကားက ဟန်လေးပြောနေကြပါ။ သူတို့အနေနဲ့ ဝေဖန်ခွင့်ရှိသလို လက်ခံရမှာ လက်မခံရမှာက ကိုယ့်တာဝန်ပေါ့နော်။ ယူသင့်တဲ့ဟာယူ မယူသင့်တဲ့ဟာကိုတော့ ခေါင်းထဲကနေဖယ်ထား။ ကိုယ်က အရမ်းခံစားတတ်နေတယ်ဆိုရင် နာလည်းနာကျဉ်ရတယ်၊ သူတို့ပြောတဲ့ စကားတွေကို ခေါင်းထဲထားမယ်ဆိုရင် အရမ်းစိတ်ဖိစီးပြီး ထမင်းတွေလည်း မစားနိုင်ဘူး၊ စိတ်တွေ လည်း ညစ်တယ်ပေါ့နော်။ အဲ့ဒါတွေက သူတို့ပြောတဲ့ Comment တစ်ခုကို ကိုယ်က စိတ်ထဲမှာ ထားခဲ့လို့ပါ ဒါကြောင့် ယူသင့်တာကို ယူ မယူသင့်တာကို ဖယ်လိုက်တာအကောင်းဆုံးပါ'' လို့ ဆိုပါတယ်။

play

 

ဟန်လေးဟာ Miss Universe Myanmar 2015 ပြိုင်ပွဲကြီး ဝင်ပြိုင်ခဲ့တုန်းကလည်း ပရိသတ်တွေရဲ့ ဝေဖန်တိုက်ခိုက်တာတွေကို ခံခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီတုန်းကလည်း ဝေဖန်တိုက်ခိုက်မှုတွေကြားက ကျော်ဖြတ်ခဲ့ရတဲ့ သူ့ရဲ့ အတွေ့အကြုံတွေကိုလည်း အခုလို ပြောပြခဲ့ပါ သေးတယ်။

'' ကိုယ့်တုန်းကကျတော့ ငိုစရာရှိရင် ငိုလိုက်တယ်။ Camp သွားစရာရှိရင် သွားလိုက်တယ်။ ပေါ့ပေါ့ပါးပါးပဲ ခံနိုင်ရည်လည်း တော်တော်ရှိခဲ့ ပါတယ်။ အခုနောက်ပိုင်းတော့ ကိုယ့်ကို Comment လာပေးတဲ့ ပရိသတ်တွေကိုတော့ ပြန်ပြောဖြစ်တယ်။ တစ်ခါတလေ ရိုင်းရိုင်းစိုင်းစိုင်း လာ မန့်တဲ့လူတွေကို မပြောတော့ဘူးထားလိုက်တယ်။ ကောင်းတာဆိုရင် ပြန်ပြောတယ်၊ မကောင်းတာတွေကိုတော့ လျစ်လျူလိုက်တယ်'' လို့ ဆိုပါတယ်။

play
Photo: ဟန်လေးဖေ့စ်ဘွတ်

 

ဟန်လေးဟာ Miss Universe Myanmar 2015 ရဲ့ First Runner Up ဆုကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲကြီးပြီး သွားကတည်းက တီဗီကြော်ငြာတွေလည်း ရိုက်ဖြစ်သလို ဖက်ရှင်ရှိုးတွေမှာလည်း ပါဝင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း မဂ္ဂဇင်းကာဗာ Stars တစ်ယောက်အဖြစ် ပါဝင်နေတယ်လို့ သိရပါတယ်။ ဟန်လေးဟာ အလှမယ်တစ်ယောက် အဖြစ်နဲ့သာမက သရုပ်ဆောင်အလုပ်ကိုပါ ကြိုးစားသွားချင်တယ်လို့ ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD