AD
AD
AD
play
Photo : Amazing Grace၊ ဇေရဲထက် FB

 

သရုပ်ဆောင် ဇေရဲထက်က ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ သရုပ်ဆောင် ကစ်ကစ်ဆီသို့ သွားရောက်ခဲ့ပါတယ်။ ဇေရဲထက်က သူ့ရဲ့ We Love အဖွဲ့တွေနဲ့ ကစ်ကစ်ဆီ ဇွန်လ(၁၅) ရက်နေ့က သွားခဲ့တာ ဖြစ်ပြီး ဆေးရုံမှာ ဆေးကုသနေတဲ့ လူနာအယောက်(၁၀၀)အတွက်ပါ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကစ်ကစ်အတွက် ငွေသားတချို့နဲ့ စားစရာတွေကို လှူဒါန်းခဲ့သလို  လူနာအယောက်(၁၀၀)အတွက် စားစရာများ လှူဒါန်းခဲ့တာပါ။ ပရိသတ်တွေနဲ့အတူ တက်တက်ကြွကြွနဲ့အလှူလုပ်နေတဲ့ ပုံလေးတွေကိုလည်း ဇေရဲထက်ရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၁၆) ရက်နေ့ (၁၁း၄၅)မိနစ်လောက်က တင်ထားတာ တွေ့ရပါတယ်။

play
Photo : Amazing Grace၊ ဇေရဲထက် FB

 

ဓာတ်ပုံတွေနဲ့အတူ သူ့ရဲ့ ခံစားချက်တချို့ကိုလည်း ယခုလို ရေးသားထားတာတွေ့ရပါတယ်။

"ကျွန်တော်ဘယ်ပွဲတတ်တတ် မျက်မှန်တော်ရုံမတပ်ပါဘူးး ဒီလိုနေရာမှာ ကျွန်တော် ဘာလို့တပ်လည်းမေးရင် ဖြေရပါလိမ့်မယ် ကျွန်တော် မခံစားနိုင်ဘူး ကျွန်တော့်နှလုံးသားကနုတယ်။ အထိခိုက်လွယ်တယ် တပါးသူဘာဖြစ်နေတယ်ဆိုတာ ကိုယ်ချင်းစာပြီး မျက်ရည်လွယ်လို့ပါ ကျွန်တော်ပြုံးထားတယ် ကျွန်တော်မျက်လုံးကိုကြည့်မိရင် သူတို့ပါဝမ်းနည်းမိမှာစိုးလို့ပါးးးးး ကျွန်တော်ကိုမျက်မှနိလေးချွတ်ပြပါသားရယ်တဲ့ သီလရှင်ဘွားဘွားက သားကိုအရမ်းချစ်တာလို့ပြောတော့ ကျွန်တော်ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်မှန်ချွတ်လိုက်တော့ ခေါင်းလေးကိုနမ်းတယ် ကျွန်တော် မျက်ရည်ကျမိတယ်။ ကျွန်တော်လေ အာ့အချိန်တွေမှာ အရမ်းပျော်နေတာ" ဆိုပြီး ပြောထားပါတယ်။

play
Photo : Amazing Grace၊ ဇေရဲထက် FB

 

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကို ခံစားနေရရုံသာမက ကျောက်ကပ်ကပါ ဖြစ်နေတယ်လို့ သိရပါတယ်။ ဆီးချိုကြောင့် မျက်လုံးနှစ် လုံး စလုံးဟာ ကွယ်နေသလို ကျောက်ကပ်ကလည်း လုံးဝမကောင်းတော့ဘူးလို့ သိရပါတယ်။ အခုလက်ရှိမှာ ကစ်ကစ်ဟာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူလျက်ရှိပါတယ်။ သူမဆီကို အနုပညာရှင်တော်တော်များများက သွားရောက်လှူဒါန်းကြတာကို တွေ့ရတာလည်း ကြည်နူးဖို့ ကောင်းလှပါတယ်။

play
Photo : Amazing Grace၊ ဇေရဲထက် FB

 

ကစ်ကစ်နဲ့ ဇေရဲထက်တို့ဟာ တမြို့တည်းသားတွေ ဖြစ်ကြတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါသေးတယ်။

"ဒီနေ့ ကျွန်တော် အရမ်းချစ်အရမ်းမြတ်နိုးလေးစားကြတဲ့ ဇာတ်ပို့ သရုပ်ဆောင် တမြို့တည်းသားချင်းဆွေမျိုးမကင်းသော အန်တီကစ်အား ကျွန်တော် we love fanတွေနဲ့အတူ မစုလှိုင် lotus ကိတ်ခြောက်တို့မှ ကျွန်တော်နှင့်အတူ ဆေးရုံတက်လူနာရှင်များအားတတ်ပိုင်သနိုင် လှူဒါန်းခဲ့ပါသည်" ဆိုပြီး ပြောထားပါတယ်။ သူလှူဒါန်းခဲ့တဲ့ အလှူဒါနတွေကိုလည်း (၇)ရက်သားသမီး ပရိသတ်တွေပါ ရရှိနိုင်ပါစေလို့လည်း ပြောထားပါသေးတယ်။

ဇေရဲထက်ဟာ မိန်းကလေးပရိသတ်များရဲ့ အားပေမှုကို အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတဲ့ ဇေရဲထက်ဟာ မကြာသေးခင်က ကိုယ်ပိုင်ထုတ်လုပ်ရေး တစ်ခုကိုလည်း တည်ထောင်ထားတယ်လို့ သိရပါတယ။်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD