AD
AD
AD
play
Photo : စိုးမြတ်နန္ဒာ

 

အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့တဲ့  သရုပ်ဆောင် စိုးမြတ်နန္ဒာဟာ သူမဝါသနာပါရာ အချက်အပြုတ်သင်တန်းလေးတွေ တက်ဖြစ်နေတာ တွေ့ရပါတယ်။သားဖြစ်သူအတွက် အသစ်အဆန်းတွေ လုပ်ကျွေးချင်တဲ့ သူမဟာ ယခုလည်း သင်တန်းတစ်ခု တက်နေတာတွေ့ရပါတယ်။ ဒီနေ့မှာလည်း သူမတက်ရောက်နေတဲ့ သင်တန်းပုံရိပ်လေးကိုသူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။

play
Photo : စိုးမြတ်နန္ဒာ

 

ပုံလေးတွေနဲ့အတူ ယခုလိုစာလေးကိုလည်း ရေးထားပါသေးတယ်။"ဒီကနေ့တော့ အထောင်း သင်တန်းပါ  " ဆိုပြီး ဇွန်လ(၁၆) ရက်နေ့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ပြောထားတာပါ။ သူမတင်ထားတဲ့ ပုံတွေကို ကြည့်ရတာ ယိုးဒယားစာချက်ပြုတ်နည်း သင်တန်းကို တက်နေတယ်လို့ ယူဆရပါတယ်။ စိုးမြတ်နန္ဒာဟာ အချက်အပြုတ်သင်တန်းတွေ တော်တော်များများကို တက်ရောက်ပြီးနေပါပြီ။

play
Photo : စိုးမြတ်နန္ဒာ

 

ကိတ်မုန့်လုပ်နည်းတွေ ပန်းအလှဆင်နည်းတွေ စတဲ့ သင်တန်းတွေကို တစ်ခုပြီး တစ်ခုတက်ပြီးတဲ့ စိုးမြတ်နန္ဒာဟာ သူမရဲ့ ပညာတွေကို အလကားမထားပါဘူး။သူမတက်ထားသမျှ ပညာတွေကို သင်တန်းကြေး မတတ်နိုင်တဲ့ မိခင်တွေကို ပြန်ပြီးတော့ ဝေမျှပေးမယ်လို့ သူမရဲ့ ဖေစ့်ဘွတ်မှာ ပြောဖူးပါတယ်။

"အဲဒီ အလုပ်တွေနဲ့အပြိုင် အိမ်မှာပဲနေရင်းအလုပ်လုပ်ချင်တဲ့..သင်တန်းကြေးတွေလဲမတတ်နိုင်တဲ့ အမ တွေ ညီမ တွေကို ကိုယ်တတ်ထားတဲ့ ပညာလေးတွေ ( မုန့်လုပ်တာ , ပန်းထိုးတာ ) share ဖို့ရှိတယ်.. လူတော့နည်းနည်းရွေးမယ်နော် .( နောက်နှစ်ဆန်းလောက်ပေါ့နော်) " ဆိုပြီး ပြောထားပါတယ်။

play
Photo : စိုးမြတ်နန္ဒာ

 

ပညာဒါနလုပ်မယ်လို့ စိတ်ကူးထားတဲ့ သူမရဲ့ စိတ်ကူးလေးကိုလည်း ပရိသတ်တွေက ချီးကျူးထားပါသေးတယ်။စိုးမြတ်နန္ဒာက လက်ရှိမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပေမယ့်လည်း ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ် နေတာကို တွေ့ရပါတယ်။

ဒါဒါလို့ သူ့ကိုယ်ကို ပြောတတ်သူ တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူ တစ်ယောက်ပါ။ ယခုလက်ရှိမှာတော့ သားဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်လျက်ရှိပါတယ်။ သူမဟာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပဲ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဖြစ်နေသူလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD