AD
AD
AD
play
Photo: Kyaw Zin Htut Fb

 

လူကြမ်းသရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကိုရော၊ ဝေဖန်မှုတွေရော ခံရလေ့ရှိတဲ့ သရုပ်ဆောင် ကျော်ဇင်ထွဋ်ကတော့ ဇွန်(၁၃) ရက်နေ့က သူ့ရဲ့ဘဝထဲကနေ မိသားစုလေးကို အပြီးအပိုင် ထွက်ခွာသွားခွင့်ပေးလိုက်ပါပြီဆိုပြီးတော့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရင်ဖွင့်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တစ်ယောက်ချင်းစီတိုင်းက စိုးရိမ်စိတ်နဲ့ လာရောက်မေးမြန်းနေကြတဲ့အပေါ်တစ်ယောက်ချင်း ဆီတိုင်းကို မဖြေဆိုနိုင်တာကြောင့် အားလုံးသိသွားအောင် အခုလို ပြောပြခဲ့ပါတယ်။

''16-6-2018 CBကနေ ချစ်ပရိတ်သတ်ကြီးအားလုံးမေးနေတဲ့ အမေးတွေကို တစ်ဦးတစ်ယောက်ခြင်းဖြေဖို့ အဆင်မပြေလို့ ဒီကနေပဲ ပြောပြလိုက်တာဖြစ်ပါအိ ။ မှတ်ချက် ။ ပြိုကွဲလုဆဲဆဲဖြစ်နေတဲ့ ရန်ကုန်ဖေချစ် ၄ကောင်ကြွက်မိသားစု အတွက် အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေသော်လည်း အဆက်အသွယ်မရ ဖြစ်နေလို့ ရန်ကုန်ဖေချစ်လေး စိတ်ဓါတ်ကျ ၊ စိတ်ထိခိုက်၍ ဒီပုံလေးတွေ တင်မိသွားပြန်အိ ။ မှတ်ချက် ။ ။ အမှားပါရင် ခွင့်လွှတ်နားလည်ပေးကြပါလို့'' ဆိုပြီးတော့ ဇွန်လ ၁၆ ရက်နေ့ည ၇ နာရီ ၄ မိနစ်အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမှာ အခုလို ပြောပြထားပြီးတော့ မိသားစုဓာတ်ပုံလေးတွေလည်း တင်ခဲ့ပါတယ်။

play
Photo: Kyaw Zin Htut Fb

 

ကျော်ဇင်ထွဋ်ဟာ သူ့ရဲ့ မိသားစုအရေးနဲ့ ပတ်သက်ပြီး ဇွန်လ ၁၃ ရက်နေ့က ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေပြီးတော့ ''ရန်ကုန်ဖေချစ် ၄ကောင်ကြွက် မိသားစုလေး ကို ရန်ကုန်ဖေချစ် ဘဝကနေ အပြီးအပိုင်ထွက်ခွာသွားခွင့်ပေးလိုက်ရပြီ''ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ဇွန်လ ၁၄ ရက်နေ့တုန်းကလည်း အဘိုး၊ အဘွား၊ အဖေ၊ အမေ တို့ရဲ့ မန်၊မာနအားပြိုင်မှုတွေမှာ လမ်းပျောက်သွားရှာတဲ့ သမီးလေးနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်နေတယ်ဆိုပြီး ရေးထားပါသေးတယ်။ အရာရာအားလုံးဟာ သူအသုံးမကျလို့ ဖြစ်ခဲ့ရတာ ကြောင့် အဖေ့ကို အဝေးကနေ ခွင့်လွှတ်နားလည်ပေးကြဖို့ကိုလည်း တောင်းဆိုထား ပါသေးတယ်။ ကျော်ဇင်ထွဋ်ဟာ သူ့ရဲ့ သမီးလေးတွေကို အများနည်းတူ ကျူရှင်တွေ Guide တွေ မထားနိုင်ပေမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နှစ်ချင်းပေါက် အောင်မြင်ခဲ့တဲ့ သမီးကြီး နဲ့ သတ္တမတန်းမှာ ပညာသင်ကြားနေတဲ့ သမီးငယ်လေးတို့ဟာ ပညာရေးမှာ ထူးချွန်လှတာကြောင့် သမီးလေးတွေအတွက် အမြဲတမ်း ဂုဏ်ယူနေရသူ တစ်ဦးပါ။ သမီးလေးတွေအကြောင်း နဲ့ မိသားစုကို ဘယ်လောက်အထိ ချစ်တဲ့ အကြောင်းတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အမြဲတမ်းပြောပြလေ့ရှိသူဖြစ်ပါတယ်။

play
Photo: Kyaw Zin Htut Fb

 

ကျော်ဇင်ထွဋ်ရဲ့ မိသားစုအခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရော၊  အနုပညာညီအစ်ကိုမောင်နှမတွေကပါ စိတ်မကောင်းဖြစ်နေကြတာ ကိုတွေ့ရပါတယ်။ သူကိုယ်တိုင်ကလည်း သူအရမ်းချစ်ရတဲ့ မိသားစုလေးနဲ့ ဝေးကွာခဲ့ရလို့ အရမ်းကို ပူဆွေးသောက ရောက်နေတာ ကိုလည်း တွေ့ရမှာပါ။ကျော်ဇင်ထွဋ်ဟာ ရုပ်ရှင်ဇာတ်ကားနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လူကြမ်း၊ဗီလိန် တစ်ယောက်လို သရုပ်ဆောင်ရပြီး ပရိသတ်တွေရဲ့ ချစ်တာတစ်မျိုး၊ မုန်းတာ တစ်လှည့် အကြိုက်မျိုးစုံ ဝေဖန်ခံရတဲ့ ကျော်ဇင်ထွဋ်ဟာ သမီး ၂ ယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD