AD
AD
AD
play

 

လတ်တလော အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်ကို အများကြီးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ရဲ့ မိသားစုလေးက တော့ မြင်ရသူ ပရိသတ်တိုင်း အားကျရတဲ့ မိသားစုလေးဖြစ်ပါတယ်။ ခရစ္စတီးနားခီကတော့ ကိုယ်ဝန်စရှိချိန်ကစပြီး မေတ္တာတွေနဲ့ ဖုံးလွှမ်းနေတဲ့ အရိပ်အမြုံလေးဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူ ဇဏ်ခီ နဲ့အတူ သားလေး နိုဝါ တို့အတွက် ဇွန်လ ၁၈ ရက်နေ့မှာ ကျရောက်မယ့် အဖေများနေ့ အမှတ်တရအတွက် အခုလို ဆုတောင်းစကားဆိုခဲ့ပါတယ်။

'' ကိုယ်ဝန်စရှိတဲ့နေ့ကတည်းက မေတ္တာတွေနဲ့ဖုံးလွှမ်းနေတဲ့အရိပ်အမြုံလေးဖြစ်အောင် ဖန်တီးပေးသူ၊ မေမေ့ကို ပိုချစ်ရမယ်ဆိုပြီး သားကို သင်ကြားပေးသူ၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံကြုံဘယ်လောက်စိတ်ဆင်းရဲနေနေ အပူမီးကို သားဆီ မကူးစေသူ၊ ဖေဖေ့ မေတ္တာရိပ်မှာ သားသားအကြာကြီးခိုနားနေတာ ကို မေမေအကြာကြီးမြင်တွေ့ခွင့်ရပါစေလို့ဆုတောင်းပါတယ်။ Happy Father’s Day!!! Happy and Healthy Father’s Day to my wonderful dad, my brother and all the wonderful fathers'' ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း ၉ နာရီ ၃၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

play

 

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီ တို့ရဲ့ မိသားစုဘဝလေးကိုတော့ ပရိသတ်တိုင်းက လေးစားအားကျလျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။

play

 

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD