AD
AD
AD
play
Photo: Melody Facebook

 

သရုပ်ဆောင်မယ်လိုဒီကတော့ ဇွန်လ ၁၈ ရက်နေ့မှာ ကျရောက်မယ့် အဖေများနေ့အတွက် သားလေး သိဒ္ဓိစစ် ကိုယ်စား ခင်ပွန်းဖြစ်သူ အတွက် ဆုတောင်းစကားပြောခဲ့ပါတယ်။ ဖေဖေ ပိုက်ပိုက်တွေ အများကြီးရှာနိုင်ပါစေ(မေမေ့အာဘော်) ဆိုပြီးတော့လည်း စနောက်ကျီစယ် ခဲ့ပါသေးတယ်။

''အဖေချစ်သား Siddhi Sitt (သိဒ္ဓိစစ်) ဖေဖေ စိတ်ဆိုးမှာ ကြောက်တဲ့ ကလေးလေး၊ အဖေကိုတစ်ချိန်လုးံ kiss ပေးတတ်သူ၊ အဖေနဲ့ဆယ်ဖီ ဆွဲရတာ ကြိုက်သူ(သူပိုချောတယ်)။ အမေနဲ့ကျ အမေကပိုချောတော့ ဆယ်ဖီ မဆွဲချင်ဘူး။ အဖေများနေ့ တစ်သက်လုံး သားသားအရှေ့မှာ မှန်မှန်ကန်ကန်မားမားမတ်မတ်ရပ်တည်နိုင်တဲ့ဖေဖေဖြစ်ပါစေ၊ ဖေဖေကျန်းမာပါစေ၊ ပိုက်ပိုက်တွေများများရှာနိုင်ပါစေ(မေမေ့အာဘော်)၊ ဖေဖေ စကားများများပြောပါစေ၊ မေမေရဲ့ဒေါသစက်ကွင်းက လွတ်မြောက်ပါစေ၊ ဖေဖေ့အဓိဠာန်အောင်ပါစေ၊ ဖေဖေ စိတ်ချမ်းသာ ပျော်ရွှင်ပါစေ'' ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း ၉ နာရီ ၅၈ မိနစ်က မယ်လိုဒီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ဆုတောင်းပေး ခဲ့ပါတယ်။

play
Photo: Melody Facebook

 

အရမ်းကိုချစ်စရာကောင်းလှတဲ့ သရုပ်ဆောင်မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်ကတော့ အခုဆိုကျောင်းတက်နေရပါပြီ။ မယ်လိုဒီဟာ သားလေး ကို ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့စိတ်လေး မွေးတတ်အောင် မိဘတစ်ယောက်အနေနဲ့ သင်ကြားပေးနေတယ်လို့ ဇွန်လ ၇ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားထားတာကို တွေ့ရပါတယ်။သားလေးဟာ လိမ္မာတဲ့ ကလေးတစ်ယောက်ပါလို့လည်း ပြောခဲ့ပါသေးတယ်။ မယ်လိုဒီ ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေရှိသလိုပဲ သားလေး သိဒ္ဓိစစ်ကိုပါ အားပေးချစ်ခင်ကြသူတွေအများကြီးရှိပါတယ်။

play
Photo: Melody Facebook

 

သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီရဲ့ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ သားလေး သိဒ္ဓိစစ်ကတော့ ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတတ်နေရပြီလို့ သိရပါတယ်။ သားသားရဲ့ ကျောင်းသွားကျောင်းပြန် ချစ်စရာပုံရိပ်လေးတွေကိုလည်း မယ်လိုဒီက ဖေ့စ်ဘွတ်မှာ မကြာခဏတင်ဖြစ်ပါတယ်။ မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD