AD
AD
AD
play

 

သရုပ်ဆောင် ဇဏ်ခီဟာ အဖေများနေ့အမှတ်တရအဖြစ် သူချစ်ရတဲ့အဖေအတွက် ဆုတောင်းစကားဆိုခဲ့ပါတယ်။ ဖခင်ရဲ့ မေတ္တာတွေကို လည်း အမြဲအမှတ်ရနေတယ်လို့ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ဖခင်တစ်ယောက်နေရာမှာ ရပ်တည်နေတဲ့အတွက် ဖခင်ကောင်း တစ်ယောက် ဖြစ်ဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

'' HAPPY FATHER'S DAY! I miss you Dad. ဒီနေ့မှမဟုတ်ပါဘူး။ နေ့တိုင်းလိုလို သတိရပါတယ်။ ပေးခဲ့တဲ့ မေတ္တာတွေအားလုံး အမြဲအမှတ်ရ ပါတယ်။ သိမ်းလဲထားပါတယ်။ နိုဝါ လေးကိုလဲပိုပေးနိုင်အောင်ကြိုးစားနေပါတယ်။ လူမှန်တစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေး ခဲ့တဲ့ ကျေးဇူးကို တစ်သက်မမေ့ပါဘူး။ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် အကောင်းဆုံးကြိုးစားသွားပါ့မယ် အဖေ I will always  love  you'' ဆိုပြီးတော့ ဇွန်လ ၁၇  ရက်နေ့  ၁၁နာရီ ၃၅ မိနစ်အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

play

 

ဇဏ်ခီဟာ အခုဆိုရင် ဇနီးဖြစ်သူ ဒါရိုက်တာခရစ္စတီးနားခီ နဲ့ သားလေး နိုဝါ တို့နဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင် ထားသူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာဘက်မှာလည်း အောင်မြင်မှုတွေ ပိုင်ဆိုင်ထားသလို မိသားစု အပေါ်မှာလည်း အိမ်ထောင် ဦးစီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ဇဏ်ခီဟာ လက်ရှိမှာလည်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာ လောကထဲမှာ ရပ်တည်နေသလို ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီ ကလည်း အောင်မြင်တဲ့ဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်နေ တာဖြစ်ပါတယ်။

play

 

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီ တို့ရဲ့ မိသားစုဘဝလေးကိုတော့ ပရိသတ်တိုင်းက လေးစားအားကျလျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။ သူတို့ ဇနီးမောင်နှံဟာ  '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD