AD
AD
AD
play
Photo : ဖွေးဖွေး FB

 

သရုပ်ဆောင် ဖွေးဖွေးက အဖေ့ကို ချစ်ကြောင်း ရင်ဖွင့်လိုက်ပါတယ်။ သူမက အဖေများနေ့မှ မဟုတ်ပါဘူးတဲ့ အဖေ့ကို နေ့တိုင်းအရမ်းချစ်တယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ  ဇွန်လ(၁၈) ရက်နေ့လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ရေးသားခဲ့တာပါ။

ဇွန်လ(၁၇) ရက်နေ့က ကျရောက်တဲ့ အဖေများနေ့နဲ့ပတ်သက်ပြီး သူမရဲ့ ခံစားချက်လေးကို ယခုလို ရေးသားထားတာပါ။"အဖေများနေ့မှ မဟုတ်ပါဘူး....အဖေ့ကိုနေ့တိုင်းအရမ်းချစ်တယ်." ဆိုပြီး သူမက ဆိုပါတယ်။

play
Photo : ဖွေးဖွေး FB

 

ဖွေးဖွေးဟာ ငယ်ငယ်ကတည်းက အဖေ့ကို အမြဲတမ်း စိတ်ဆိုးခဲ့တဲ့ ကလေးတစ်ယောက်ပါတဲ့။အသက်(၃၀)ပြည့်ခါနည်းမှ အဖေနဲ့ အားလုံး အဆင်ပြေသွားတယ်လို့ သူမက ကောမန့်လေးမှာ ရေးသားထားတာလည်း တွေ့ရပါတယ်။ ဖွေးဖွေးဟာ မိသားစုမှာ အကြီးဆုံးသမီးလေးလည်း ဖြစ်ပါတယ်။  ဖွေးဖွေးက ယခုလက်ရှိမှာ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးနေတဲ့ "သူစိမ်းအိမ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားမှာ ဖွေးဖွေးအပြင် ထွန်းအိန္ဒြာဗိုနဲ့ အခြားသော အနုပညာရှင်တွေလည်း များစွာ ပါဝင်ထားတယ်လို့ သိရပါတယ်။

 

play
Photo : ဖွေးဖွေး FB

 

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

play
Photo : ဖွေးဖွေး FB

 

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD