AD
AD
AD
play

 

ပရဟိတစိတ်ဓာတ်အပြည့်ရှိတဲ့ အိစိကွေးဟာ သူတတ်နိုင်သလောက် အလှူအတန်းတွေကိုလည်း အမြဲတမ်းလုပ်ဖြစ်နေသူပါ။ ဇွန်လ(၁၇)နေ့ ညပိုင်းကလည်း သူတတ်နိုင်တဲ့ အားလေးနဲ့ ရန်ကုန်မြို့မှာ ရှိတဲ့ လမ်းဘေးခွေးလေးတွေကို ထမင်းလိုက်ကျွေး ပြီး ကုသိုလ်ယူခဲ့ပါ သေးတယ်။ သူရဲ့ အလှူလေးနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်မှာ ဇွန်လ(၁၇)ရက်နေ့ညက ယခုလို ရေးသားထားပါတယ်။

play

 

"မနေ့က ထမင်းဘူး ၁၈၆ ဘူး နဲ့ ရန်ကုန်မြို့ပတ်ပြီး ခွေးထမင်းကျွေးခဲ့တာလေးတွေ အားလုံး သာဓုခေါ်လို့ရအောင် ပုံလေးတွေ တင်ပေးလိုက်ပါတယ်ဗျ " ဆိုပြီးပြောထားပါတယ်။သူ့ရဲ့ အလှူလေးကို ပရိသတ်တွေကလည်း ဝမ်းသာစွာ သာဓုခေါ်ဆိုနေကြ တာလည်း ကောမန့်တွေမှာ တွေ့ရပါတယ်။ အိစိကွေးဟာ ပရိသတ်တွေရဲ့ ပီတိစကားလေးတွေရေးထားတဲ့ ကောမန့်တစ်ခုချင်း စီကိုလည်း ပြန်ပြီးဖြေဆိုပေးထားပါသေးတယ်။

play

 

လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း အိစိကွေးက သရုပ်ဆောင် ကစ်ကစ်ဆီ သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ သရုပ်ဆောင် ကစ်ကစ်အတွက် အစားအသောက်လေးတွေ ချက်ထည့်သွားပြီး ငွေကြေးတချို့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ကစ်ကစ်ဆီသွားလှူခဲ့သလိုပဲ ဦးဝင်းနိုင်(အနုပညာ)ဆေးရုံတက်နေရတဲ့ သတင်းကို ကြားကြားချင်းကလည်း သွားရောက်ကူ ညီခဲ့ ပါသေး တယ်။

play

အသက် ၄ နှစ်ခွဲအရွယ်ကတည်းက သရုပ်ဆောင်အလုပ် လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်တွေ အားပေးရ ကျိုးနပ်အောင်လည်း ထပ်ကြိုးစားသွားဦးမယ်လို့ သိရပါတယ်။ ကျောင်းပညာရေးကို ဦးစားပေးနေရတဲ့ သူ့အနေနဲ့ အနုပညာအလုပ်တွေကို တဖြည်းဖြည်းနဲ့ ဆက်လုပ်နေဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD