AD
AD
AD
play

အသံပါဝါအားကောင်းကောင်းနဲ့ အချစ်သီချင်းတွေကို သီဆိုလေ့ရှိတဲ့ အဆိုတော် နွေးနွေးချစ်ဖွယ်ဟာ ပရိသတ်တွေသိကြတဲ့ ဟာသ သရုပ်ဆောင် မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်ပါတယ်။ နွေးနွေးချစ်ဖွယ်ဟာ ဇွန်လ ၁၇၊ ၁၈ ရက်နေ့တွင် ကျရောက် တဲ့ အဖေများနေ့မှာ သူ့ချစ်တဲ့ ဖခင်ကို အရမ်းချစ်တဲ့အကြောင်းတွေ ပြောပြခဲ့ပါတယ်။

ဖခင်ဖြစ်သူကို ပျော်အောင် လုပ်ပေး နိုင်ခဲ့တဲ့ သူ့အတွက် Happy Day ပါပဲ ဆိုပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

'' သူလေးပျော်နေတာ ဝမ်းသာပါတယ်။ Father Day တော့ မသိဘူး။ ဒီအရွယ်ထိကိုယ်လဲ တစ်ခါမှမဖြတ်သန်းဖူးသူမို့ Father ကို ပျော်အောင် လုပ်ပေးနိုင်တဲ့နေ့မို့  နွေးအတွက် ဒီနေ့က Happy Day ချစ်တယ်ဖေဖေ'' ဇွန်လ ၁၈ ရက်နေ့ညနေ ၃ နာရီ ၃၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြောထားတာပါ။

play

မြို့တော်ချစ်ဖွယ်ကတော့ လူရွှင်တော်တစ်ဦးအနေနဲ့လည်း နာမည်ကြီးသလို ဟာသသရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ပါ ပရိသတ်တွေက အားပေး ကြတာဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ပုံစံကတော့ သရုပ်ဆောင် ကျော်ဟိန်းရဲ့ အိုက်တင်တွေ၊ အသံတွေကို အတုယူပြီး သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်လေးတွေကလည်းပရိသတ်တွေ ကြားမှာ ထင်ရှားခဲ့ပါတယ်။

play

မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်သူ အဆိုတော် နွေးနွေးချစ်ဖွယ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါ တယ်။ နွေးနွေးချစ်ဖွယ်ဟာ အဆိုတော်ယုန်လေးနဲ့ အတူတွဲဆိုခဲ့တဲ့ '' မင်းရဲ့ စိတ်နဲ့'' ဆိုတဲ့ သီချင်းနဲ့လည်း လူငယ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။  သူ့ရဲ့ ထူးခြားချက်ကတော့ အသံအားကောင်းကောင်းနဲ့ အချစ်သီချင်းတွေကို သီဆိုရတာပါပဲ။ မြို့တော်ချစ်ဖွယ်နဲ့ နွေးနွေးချစ်ဖွယ်တို့ သားအဖနှစ်ယောက်ကတော့ အခုဆိုရင် ဖျော်ဖြေရေးပွဲတွေမှာ အတူတွဲသီဆိုဖြစ်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD