AD
AD
AD
play
Photo : ဝါဝါဝင်းရွှေ FB

 

ဒီနေ့(ဇွန်လ၁၉ရက်)ဟာ မြန်မာနိုင်ငံ၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် (၇၃)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ အမေစုရဲ့ မွေးနေ့မှာ ဝါရင့်သရုပ်ဆောင်ကြီး ဝါဝါဝင်းရွှေက ကိုယ်တိုင်ရေးဆွဲထားတဲ့ အမေစုပုံလေးနဲ့အတူ ယခုလို မွေးနေ့ ဆုတောင်း စကားလေး ပြောထားပါသေးတယ်။

play
Photo : ဝါဝါဝင်းရွှေ FB

 

"HAPPY BIRTHDAY ပါချစ်ညီမစု ဒီပုံလေးကိုမနှစ်ထဲကဆွဲထားပြီးဒီနှစ်မှ

touching လုပ်ပြီသွားပါတယ်။ MEHS မှာ တစ်ကျောင်းထဲနေခဲ့ရတဲ့အတွက်ဂုဏ်ယူပါတယ်

ဝါသနာရှင်အဆင့်မို့ ဒါလောက်နဲ့ကျေနပ်ပါနော်" ဆိုပြီး ရေးသားထားတာလည်း တွေ့ရပါတယ်။

ဝါဝါဝင်းရွှေ ကိုယ်တိုင် ရေးဆွဲထားတဲ့ အမေစုရဲ့ ပုံတူပန်းချီလေးက တကယ့်ကို ကြည့်ကောင်းလှပါတယ်။ဝါဝါဝင်းရွှေ ရေးသားထားတဲ့ မွေးနေ့ဆုတောင်းပို့စ်အောက်မှာလည်း သူမရဲ့ ပရိသတ်တွေ သူငယ်ချင်းတွေ မိတ်ဆွေတွေက အမေစုအတွက် မွေးနေ့ဆုတောင်း ပေးထားကြသလို ဝါဝါဝင်းရွှေရဲ့ ပန်းချီလက်ရာကိုလည်း ချီးကျူးထားကြပါသေးတယ်။

play
Photo : 7day

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကိုလည်း ယနေ့(ဇွန်လ၁၉ရက်)မှာ နေပြည်တော် လွှတ်တော်ဝင်း အတွင်း ရှိ ရးရာဆောင်(I-12) မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကယ်ဒမီ ဝါဝါဝင်းရွှေဟာ ၁၉၆၅ခုနှစ်မှာ "ချစ်သမီး" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၊ ၁၉၆၉ခုနှစ်မှာ "ချောင်းကိုပြစ်၍မြစ်ကိုရှာ" ရုပ်ရှင်ဇာတ်ကား ၁၉၇၇ခုနှစ်မှာ "မိန်းကလေးရှင်ရှဲ့ဆန္ဒ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

play
Photo : ဝါဝါဝင်းရွှေ FB

 

ဝါဝါဝင်းရွှေဟာ သရုပ်ဆောင်တစ်ဦးနဲ့ အောင်မြင်ခဲ့သူ ဖြစ်ပြီး ယခုလက်ရှိအချိန်မှာလည်း ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်ပြီး ရုပ်ရှင်ဇာတ်ကားတွေကို ပုံဖော်ရိုက်ကူးနေ သူလည်း ဖြစ်ပါတယ်။

၁၉၇၀ခုနှစ်မှာ ဝါဝါဝင်းရွှေရုပ်ရှင်ထုတ်လုပ်ရေးကို ထူထောင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေ ပုံဖော်ရိုက်ကူးလျက်ရှိရာ သူ့ထုတ်လုပ်ရေး ကနေနောက်ဆုံးရိုက်ခဲ့တဲ့ လရောင်ဖြာတဲ့ အင်းလေးမှာ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာ ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရှင်ဥပ္ပဂုတ္ထ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ထပ်မံ ရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD