AD
AD
AD
play
Photo : ထူးအယ်လင်း FB

 

အဆိုတော်ထူးအယ်လင်းဟာ ကုသိုလ်ရေးတွေနဲ့ ပတ်သက်ပြီး စွမ်းစွမ်းတမံဆောင်ရွက်တတ်တဲ့ အနုပညာရှင်တစ်ဦးပါ။ အခုလည်း ပဲခူးတိုင်း ကဝမြို့နယ်၊သက္ကလမြို့ ခမွန်ကံကြီးကျေးရွာမှာ ဖွဲမီးသဂြိုလ်စက်တည်ဆောက်ဖို့အတွက် အလှူငွေကျပ် ၂၅သိန်းတိတိ ကို ရွာရဲ့ ကျောင်းထိုင်ဆရာတော်ကြီး ထံမှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

'' ပဲခူးတိုင်း ကဝမြို့နယ် သက္ကလမြို့ ခမွန်ကံကြီးကျေးရွာမှာ ဖွဲမီးသဂြိုလ်စက်တည်ဆောက်လှူဒါန်းဖို့အတွက် (၁၉.၆.၂၀၁၈) အင်္ဂါနေ့မှာ ယင်းရွာရှိ ရပ်မိရပ်ဖလူကြီးများနှင့် ရွာကျောင်းထိုင်ဆရာတော်ကြီးအား ရွာအတွက်မီးသဂြိုလ်စက်တည်ဆောက်ဖို့ ပစ္စည်းဝယ်ရန် နှစ်ဆယ့် ငါးသိန်း အတိကို ပဏာမပေးလှူခဲ့ကြပါတယ် ။မီးသဂြိုလ်စက်အလှူရှင် မိတ်ဆွေအသိသူငယ်ချင်း အပေါင်းအသင်း ပရိတ်သတ်များကို အသိပေး အကြောင်းကြားပါတယ်ဗျ။ နတ် လူ ဘီလူး မုဒိတာပွားများ၍သာဓုခေါ်ဆိုပီတိယူနိုင်ကြပါစေ။ သာဓု သာဓု သာဓု'' ဆိုပြီးတော့ ဇွန်လ ၁၉ ရက်နေ့ ညနေ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အလှူငွေတွေကို ဒီနေ့(ဇွန်လ၁၉ရက်)က သွားလှူခဲ့တာပါ။

play
Photo : ထူးအယ်လင်း FB

အဆိုတော်ထူးအယ်လင်း ဦးဆောင်ပြီး ဖွဲမီးသဂြိုဟ်စက် လှူဒါန်းတဲ့ အလှူမှာ အကယ်ဒမီသရုပ်ဆောင်မြင့်မြတ်က ငွေကျပ် ဆယ်သိန်း ကို ပေးအပ်လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။ ထူးအယ်လင်းဟာ မကြာသေးခင်ကလည်း တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ အရှေ့ဘက်မှာရှိတဲ့ ရှမ်းတကူဆိပ် ကျေးရွာ မှာရှိတဲ့ နာရေးကူညီမှု အသင်း အတွက် လူနာတင်ယဉ်ကားတစ်စီး လှူဒါန်းခဲ့ပါသေးတယ်။ အဲ့ဒီနောက် လှည်းကူးမြို့ နယ်၊ ပဒဲကော ကျောက်အိုင်ကျေးရွာမှာရှိတဲ့ ကျိုက်ငွေနှောင်းစေတီတော်မြတ်ကြီးရဲ့ ဘုရားဝင်းအတွင်း သိမ်ကျောင်းဆောက် လုပ်လှူဒါန်းမှုအတွက်လည်း အလှူငွေတွေ ကောက်ခံ နေသေးတယ်လို့ သိရပါတယ်။

play
Photo : ထူးအယ်လင်း FB

 

အဆိုတော် ထူးအယ်လင်းဟာ  တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးအတွက် သယ်ဆောင်ရန် ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင် လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD