ဇွန်လ ၁၉ ရက်နေ့ညနေပိုင်းက ခွဲစိတ်ခဲ့တာပါ။

Photo: မိုင်းမိုင်ဆိုင်ဖေ့စ်ဘွတ်

 

အဆိုတော်သားငယ်တစ်ယောက် ဂရင်ဂျီနာဖြစ်လို့ ဆေးရုံတက် ခွဲစိတ်ကုသနေတာဖြစ်ပါတယ်။ သားငယ်ဟာ ဇွန်လ ၁၈ ရက်နေ့ကတည်းက ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး ဇွန်လ ၁၉ရက်နေ့မှာတော့ ခွဲစိတ်ကုသခဲ့တယ်လို့ သိရပါတယ်။ သားငယ်ရဲ့ ကျန်းမာရေးအခြေအနေကို သူငယ်ချင်းဖြစ်သူ မိုင်းမိုင်ဆိုင်န်က အခုလိုပြောပြခဲ့ပါတယ်။

'' ဝက်ကလေး ဂရင်ဂျီနာ အဆင်ပြေချောမွေ့စွာခွဲပြီးပါပြီ ဆုတောင်းပေးကြသူများ အားလုံးကျိုင်းစူးပါရှင့်။ ဘုရားစူး ငမိုင် လူနာစောင့် နေတာပါ'' ဆိုပြီးတော့ မိုင်းမိုင်ဆိုင် ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဇွန်လ ၁၉  ရက်နေ့ ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: မိုင်းမိုင်ဆိုင်ဖေ့စ်ဘွတ်

 

သားငယ်ဟာ ဂရင်ဂျီနာဖြစ်လို့ ဆေးရုံတက်ခွဲစိတ်ကုသမှုခံယူတာကတော့ ဒုတိယမြောက်အကြိမ်ဖြစ်ပါတယ်တဲ့။ မိုင်းမိုင်ဆိုင်န်ဟာ သူငယ်ချင်း ဖြစ်သူ သားငယ် ဆေးရုံတက်နေရတယ် ဆိုတာကို သားငယ်ရဲ့ ပရိသတ်တွေသိအောင် အခုလို ကြေညာခဲ့တာဖြစ်ပါတယ်။

''  '' ဝက်ကလေးဒုတိယံမိ ဆေးရုံတက် အနာခွဲ လူနာစောင့်လား လူနာရောဂါတက်စေသူတွေလားမသဲကွဲ။ ချေမိုးနေသော လူနာနှင့် ပုံရိုက် ဂယက်ထ နက်ဖြန်ညနေခွဲမယ်။ operation အခန်းအရမ်းကြောက်သူကြီးကို ဆုတောင်းပေးကြပါဦး'' ဆိုပြီးတော့ မိုင်းမိုင်းဆိုင် ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၁၈ ရက်နေ့ည ၁၁ နာရီ ၇ မိနစ်အချိန်က ရေးတင်ခဲ့တာဖြစ်ပါတယ်။ သားငယ်ဟာ ပထမအကြိမ်အနေနဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း အဆိုပါရောဂါကြောင့်ပဲ အာရှ တော်ဝင်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့သေးတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ ခွဲစိတ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

Photo: မိုင်းမိုင်ဆိုင်ဖေ့စ်ဘွတ်

ဆေးရုံတက် ခွဲစိတ်ကုသမှုခံယူနေရတယ်ဆိုတဲ့ သားငယ်

သားငယ်ဟာ လက်ရှိမှာလည်း ဖျော်ဖြေရေးတွေနဲ့ အချိန်ကုန်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင် ထားပါသေးတယ်။  မကြာခင်မှာ ရင်သွေးလေး ယူတော့မယ်လို့ ဆိုပါတယ်။ ဝဝကစ်ကစ်ကလေးလေး လိုချင်နေပြီဖြစ်တဲ့ သားငယ်တဲ့ ဂျူနီယာ သားငယ်လေးတစ်ယောက် လိုချင်နေပြီလို့ ဆက်လက်ဖြေဆိုခဲ့ပါသေးတယ။် အဆိုတော် သားငယ်တို့ဇနီးမောင်နှံဟာ ပရိသတ်ချစ်ခင်မှု ရရှိထားသူလည်း ဖြစ်ပါတယ်။သားငယ်ဟာ သူဝါသနာပါရာ အနုပညာအလုပ်နဲ့ ရပ်တည်နေတဲ့ သူလည်း ဖြစ်ပါတယ်။ဝါသနာပါရာ ဂီတဘက်ကို လျှောက်လှမ်းရင်းနဲ့ မူရင်းအလုပ်ဖြစ်တဲ့ အကြော်ကြော်တဲ့ အလုပ်ကိုလည်း မစွန့်လွှတ်ပဲ အားရင် အားသလို သွားရောက်လုပ်ကိုင်ဖြစ်နေတာကို တွေ့ရပါတယ်။

Photo: မိုင်းမိုင်ဆိုင်ဖေ့စ်ဘွတ်

သားငယ်ရဲ့ "လမ်းကလေး" လို့ နာမည်ပေးထားတဲ့ ပထမဆုံး တေးစီးရီးဟာလည်း ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။အဲ့ဒီအခွေလေးဟာ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ အခွေရောင်းရတဲ့ ငွေတွေထဲက အမြတ် အစွန်းများကိုလည်း သားငယ်ဖောင်ဒေးရှင်းကနေတစ်ဆင့် (ABD) ပရဟိတသွေးအလှူရှင်များအသင်းကို လှူဒါန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က