ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။
 

ပရိသတ်တွေရဲ့ အချစ်တော်မလေး ခြည်ခြည် လို့ခေါ်တဲ့ နေခြည်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ဧည့်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးသွားပြီလို့သိရပါတယ်။ ဒီဇာတ်ကားရိုက်ကူးနေတုန်းမှာလည်း ပျော်စရာတွေနဲ့အတူ မျက်ရည်တွေလည်း အများကြီးကျခဲ့ရတဲ့ ဘဝရဲ့ မှတ်တိုင်တစ်ခုပါဘဲ ဆိုပြီးတော့ နေခြည်ဦးက အခုလိုပြောပြထားပါတယ်။

'' ဘဝရဲ့ ဒုတိယမြောက်ရုပ်ရှင်ကား "ဧည့်သည်" ရိုက်ကူးတာ ဒီနေ့ပြီးသွားပါပြီ။ အပျော်အပါးတွေ အခွီတွေအခက်အခဲတွေ မျက်ရည်တွေ အများကြီးနဲ့ ဘဝရဲ့ မှတ်တိုင်တစ်ခုပါဘဲ။ ရိုက်ကူးရေးက ပုံတွေ မတင်ဘူးလား မေးကြလို့ ရှိတဲ့ပုံလေးတွေနဲ့ story လေးလို  တင်ပေး လိုက်ပါတယ်။ နှင်းနုတာဝန် ကျေပါတယ်နော်။ ရုပ်ရှင်ကားကြီး ထွက်လာရင် အားပေးပါ'' ဆိုပြီးတော့ ဇွန်လ ၁၉ ရက်နေ့ည ၁၀ နာရီ ၂၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

 

ဧည့်သည်ရုပ်ရှင်ဇာတ်ကားထဲမှာတော့ နေခြည်ဦးဟာ အရမ်းကို ချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူအဝေးကို ထွက်သွားပြီးတဲ့နောက်မှာတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ခံစားခဲ့ရတဲ့ မိန်းကလေး တစ်ယောက် အဖြစ်ပါဝင်ထားတယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ဒီဇာတ်ကားထဲမှာတော့ နေခြည်က အရမ်းချစ်တတ်တဲ့ ကောင်မလေးပေါ့နော်။Music မေဂျာ တက္ကသိုလ် နောက်ဆုံးနှစ် ။ ကိုယ့် ဘဝမှာ အချစ် ပဲရှိတယ်၊ အချစ်ကိုပဲ ကိုးကွယ်တယ်။ ကိုယ်ချစ်သူနဲ့ ကိုယ်အဆင်ပြေပြီးတော့ နိုင်ငံခြားကို  ထွက်သွားတဲ့ အချိန်မှာ ကိုယ်မထင်မှတ် ထားတဲ့ ကိစ္စလေးတွေဖြစ်လာတယ်။ အဲ့ဒီအခါမှာ ကိုယ့်ရဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုပြတဲ့ ဇာတ်ကားလေးပေါ့နော်'' လို့ သူက ဆိုပါတယ်။

 

ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးကတော့ နေခြည်ဦးအတွက် ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ကြီးထဲမှာ  ရွှေထူး၊ ရွှေမှုံရတီနဲ့ နေခြည်ဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီးအထူး ဧည့်သည် သရုပ်ဆောင်အဖြစ် ဖြိုးငွေစိုးက ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ နေခြည်ဦးရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကတော့ ရန်သူ လို့ အမည်ပေးထားပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နေမင်း၊ ဝတ်မှုံရွှေရည် တို့နဲ့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရန်သူ ဇာတ်ကားကြီးထဲက နေခြည်ဦးရဲ့ ကာရိုက်တာလေးကတော့ နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်တက်နေတဲ့ ကျောင်းသူလေး နေရာက ပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က