ဒီနေ့ဟာ သူမရဲ့ မွေးနေ့ပါ။
 

ဒီနေ့(ဇွန်လ၂၀ရက်)ဟာ အလှမယ် သရုပ်ဆောင် ထက်ထက်ထွန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ ထက်ထက်ထွန်းဟာ မွေးနေ့လေးကို ကုသိုလ်ကောင်း မှုတွေနဲ့ စတင်ခဲ့ပါတယ်။

"၁၂:၀၀ နာရီထိုး မွေးနေ့မွေးရက် ရောက်ရောက်ချင်းမှာ အချစ်ဆုံးသူတွေရဲ့ ဆုတောင်းစကားသံတွေနဲ့အတူ မွှေးကြိုင်သင်းပျံ့ စံပယ်ပန်း ဇွန်ပန်း ရွှေပန်းငွေပန်းများနဲ့ မွေးဖွားပေးသော ကျေးဇူးရှင်မိဘနှစ်ပါးအား အမှူးထား၍မဟာပဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပွားများရင်း မြတ်စွာဘုရားရှင်အားရိုသေစွာပူဇော်ပါသည်။နတ် လူ သာဓုခေါ်စေသော် " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၀)ရက်နေ့ မနက်(၁)နာရီက ရေးသားထားတာတွေ့ရပါတယ်။

ဆက်စီကျကျ ဗီလိန်မလေးအဖြစ် မြင်ရမယ့် ထက်ထက်ထွန်း 

သူမရဲ့ မွေးနေ့မှာ နောက်ထပ် အလှူအတန်းတွေလည်း အများကြီး ပြုလုပ်ခဲ့ပါသေးတယ်။ မနက်မိုးလင်းကတည်းက မိဘမဲ့ကျောင်းများနဲ့ မသန်းစွမ်းကလေးများကျောင်းများသို့ သွားရောက်ပြီး အချိုရည်ဗူးများ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ(၂၀)ရက်နေ့ နေ့လည်(၃)နာရီကနေ (၆)နာရီမှာလည်း  Fan တွေနဲ့အတူ  ရွှေတိဂုံဘုရားအနောက်ဘက်မုဒ်မှာလည်းအအေးများနဲ့ ဒါနပြု ကုသိုလ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ထက်ထက်ထွန်းကတော့ အလှမယ် တစ်ယောက်အပြင် သရုပ်ဆောင် အလုပ်ကိုပါ ဝါသနာပါတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက သရုပ်ဆောင်အလုပ်ကို စလုပ်ခဲ့တာဖြစ်ပြီး နောက်ကျမှ မော်ဒယ်လ်အလုပ်ကိုလုပ်ရင်းက Miss ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ လို့သိရပါတယ်။

အလှမယ် ထက်ထက်ထွန်းဟာ (၆၅)ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ Best National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင် လာနိုင်သူ တစ်ဦးဖြစ်သလို မြန်မာ့ယဉ်ကျေးမှုကိုကမ္ဘာက သိအောင် တင်ဆက်နိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။  ယခုလက်ရှိမှာ သူမဟာ ဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးနေရပြီလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က