သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ ဓာတ်ပုံတစ်ပုံကြောင့် သူမရဲ့ ပရိသတ်လည်း  အံ့သြသွားခဲ့ရပါတယ်။သူမတင်ထားတဲ့ ပုံလေးမှာ အရင်က ဝတ်နေကျ ဘောင်းဘီတစ်ထည်ဟာ အခုချိန်မှာ  သူမရဲ့ ခါးနဲ့ အရမ်းချောင်နေတာ တွေ့ရပါတယ်။ဖွေးဖွေး ခန္ဓာကိုယ်ဟာ အရင်ကထက် စာရင် တော်တော့်ကို ပြောင်းလဲသွားပါပြီ။ ဖွေးဖွေးက ပုံလေးတွေနဲ့အတူ ယခုလို စာသားလေးကိုလည်း ရေးသားထားတာတွေ့ရပါတယ်။

"Shed a few pounds off for current movie character" ဆိုပြီး ဇွန်လ(၂၀)ရက်နေ့ ပြောထားတာပါ။

 

ဖွေးဖွေးဟာ ဇာတ်ကားတစ်ခုရိုက်တော့မယ်ဆိုရင် သူမလက်ခံထားတဲ့ ကာရိုက်တာအတွက် သေချာပြင်ဆင်ပြီးမှ ရိုက်ကူးတတ်သူ ဖြစ်ပါတယ်။အခုလည်း သူမရိုက်ကူးနေတဲ့ "သူစိမ်းအိမ်" ရုပ်ရှင်ဇာတ်ကားအတွက် ဝိတ်ချနေတာ တွေ့ရပါတယ်။

သူမရဲ့ ပြောင်းလဲမှုကိုတော့ ပရိသတ်တွေ အံ့သြလို့နေကြပါတယ်။ ဖွေးဖွေးဟာ လက်ရှိမှာ ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးနေတာ ဖြစ်ပါတယ်။

အဖေ့ကို ချစ်တဲ့အကြောင်း ပြောပြလာတဲ့ ဖွေးဖွေး 

အဲ့ဒီဇာတ်ကားမှာ ဖွေးဖွေးအပြင် ထွန်းအိန္ဒြာဗိုနဲ့ အခြားသော အနုပညာရှင်တွေလည်း များစွာ ပါဝင်ထားတယ်လို့ သိရပါတယ်။ "ည" ရုပ်ရှင်ဇာတ်ကားကို ပုံဖော်ရိုက်ထားတဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့ဖွေးဖွေးတို့ရဲ့ ဖန်တီးထားမှုတွေက ပရိသတ်တွေကို ဘယ်လိုုဆွဲဆောင်နိုင်ဦးမလဲဆိုတာက စောင့်ကြည့်ရမှာပါ။

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

 

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က