ဒဏ္ဍာရီမိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။
 

သရုပ်ဆောင် ရဲတိုက် တစ်ယောက် အခုဆိုရင်တော့ သူ့ရဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေပြန်လုပ်နေပြီဖြစ်ပါတယ်။ ထောင်က ထွက်ပြီးကတည်းက ဇာတ်လမ်းကောင်းကောင်းလေး ရိုက်ချင်နေတဲ့ သူ့ရဲ့ ဆန္ဒအရ အခုတော့ ရိုက်ခွင့်ရပြီလို့ ဆိုပြီးတော့ မီဒီယာတွေကနေ တဆင့် ပြောပြခဲ့ပါတယ်။

'' ထောင်ကထွက်ကတည်းက ဇာတ်လမ်းကောင်းကောင်းရိုက်ချင်နေတာလေ။ အခုရိုက်ရပြီပေါ့ ဒါကလည်း ပရိုဂျူဆာက ပရိသတ်ကို ကြည့်စေချင်လို့ ရိုက်တဲ့ကားလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တောင်ကြည့်ချင်နေပြီ။ ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က စီနီယာတော့ မဟုတ်ပါဘူး သူတို့လောက် မနုပျိုတော့တဲ့ သရုပ်ဆောင်တစ်ယောက်ပေါ့'' လို့ သူကဆိုပါတယ်။

ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနဲ့ ဝတ်မှုံရွှေရည်တို့ အားပြိုင်ကြမယ့် "ဒဏ္ဍာရီမိုး" ရုပ်ရှင် 

သရုပ်ဆောင်အလုပ်က ခက်ခဲတဲ့အတွက် ထောင်က ပြန်လွတ်လာပြီးတဲ့အချိန်မှာ တစ်လ လောက် အချိန်ယူလိုက်ရတယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်တာကလည်း သူ့ရဲ့ ပရိသတ်တွေအတွက်ပါ ဆိုပြီးတော့ ရဲတိုက်က ပြောပြခဲ့ပါသေးတယ်။

'' သရုပ်ဆောင်ရတာ ခက်တယ်ခင်ဗျ။ ကျွန်တော် တစ်လလောက် အချိန်ပေးခဲ့ရတယ်။ သရုပ်ဆောင်ပြန်လုပ်တာကိုက ပရိသတ်အတွက်ပါ။ ပရိသတ်ပေးတဲ့ ချစ်ခြင်းမေတ္တာကို မစွန့်လွှတ်နိုင်သေးဘူး'' ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းက M3 Food Center မှာ ကျင်းပပြုလုပ် ခဲ့တဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကို 7 Sence Flim Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ရဲတိုက်နဲ့ အတူ ဒေါင်း၊ ရွှေထူး နဲ့ ဝတ်မှုံရွှေရည် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အနုပညာလောကထဲကို ပြန်လည်ရောက်ရှိလာတဲ့ သရုပ်ဆောင်ရဲတိုက်က အခုဆိုရင် ဇာတ်ကားတော်တော်များများ ရိုက်နေရပြီဖြစ်ပါတယ်။

ရဲတိုက်ဟာ ၂၀၁၇ခုနှစ် နိုဝင်ဘာ(၁၇) ရက်နေ့က ထောင်ကနေ ပြန်လွှတ်လာတာဖြစ်ပြီး ဇန်နဝါရီ(၁၃) ရက်နေ့စပြီး ဇာတ်ကားတွေ စတင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ သူစတင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ bo bo film production နဲ့အတူ လက်တွဲပြီး "မှန်" ဆိုတဲ့ ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပါတယ်။ နောက်ထပ်လည်း ဇာတ်ကားတွေရိုက်ကူးထားသေးတယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က