အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မိသားစုပါ။

Photo : စမိုင်းလ် FB

 

သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုလေးက ဒီနေ့(ဇွန်လ၂၀ရက်)မှာ အောင်ဇမ္ဗူတောရကျောင်းတွင် အလှူသွားလုပ်ခဲ့ပါတယ်။ မှော်ဘီမြို့ အောင်ဇမ္ဗူတောရ ကျောင်းမှာ နေ့ဆွမ်းနဲ့အတူ သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့သလို ရွှေစင်(၄)ကျပ်ခွဲသား တန်ဖိုးရှိတဲ့ စိတ်ပုတီးလေး ကိုလည်း လှူဒါန်းခဲ့တယ်လို့ စမိုင်းလ်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။

"ဒီနေ့အောင်ဇမ္ဗူကျောင်းမှာဆရာတော်ကို နေ့ဆွမ်း သင်္ကန်း နဝကမ္မအပြင် ရွှေစင်၄ကျပ်ခွဲသားတန်ဖိုးရှိစိတ်ပုတီးလေးလှူဒါန်းခဲ့တယ် .." ဆိုပြီး ဇွန်လ(၂၀)ရက်နေ့က ပြောထားတာပါ။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သူတို့မိသားစုလေးကိုကြည့်ပြီး ပရိသတ်တွေလည်း သာဓုခေါ်ဆိုနေကြပါတယ်။

Photo : စမိုင်းလ် FB

 

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဆေးကုသမှု ခံယူနေရတဲ့ သရုပ်ဆောင် ကစ်ကစ်အတွက် အလှူငွေ (၁၀)သိန်း သွားရောက် လှူဒါန်းပေးခဲ့ပါသေးတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံဟာ အလှူအတန်းတွေလည်း ပြုလုပ်သလို တစ်ခါတလေမှာသူတို့ရဲ့ စိတ်ကူး အိမ်မက် လေးတွေကိုလည်း ရိုမန့်တစ်ဆန်ဆန် အကောင်အထည်ဖော်တတ်သူတွေ ဖြစ်ပါတယ်။

စမိုင်းလ်က ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ခင်ပွန်းဆီက သိန်း(၈၀၀၀)တန် ကားကို မွေးနေ့ လက်ဆောင်အနေနဲ့ ရခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက စမိုင်းလ်အတွက် မွေးနေ့လက်ဆောင်ကားကို မြန်မာပလာဇာ promotion area မှာ Surprise လုပ်ပြီးပေးခဲ့တာပါ။ အဲ့လို Surprise လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ တော်တော်များများက အားကျခဲ့သလို တချို့ပရိသတ်တွေကလည်း ပိုက်ဆံတွေ ကို ဖြုန်းမယ့် အတူလှူ လိုက်ပါလား ဆိုတဲ့ ဝေဖန်မှုမျိုးတွေ ရှိခဲ့ပါတယ်။

Photo : စမိုင်းလ် FB

 

အဲ့ဒါနဲ့ ပတ်သက်ပြီး စမိုင်းလ်က ဝေဖန်တဲ့ ပရိသတ်တွေကို ကျေးဇူးတင်သလို သူမတို့ ဒီလိုလုပ်တာဟာ ပိုက်ဆံဖြုန်းတာမဟုတ်ကြောင်း ဘဝမှာ မသေခင် စိတ်ကူးထားတာလေးတွေကို အမှတ်တရဖြစ်အောင် လုပ်တဲ့သဘောပါလို့ အင်တာဗျူးတွေမှာ ပြန်ပြီး ဖြေဆိုပေးခဲ့ပါတယ်။

သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကို စနစ်တကျထိန်းသိမ်းခဲ့ရတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

စမိုင်းလ်ဟာ အခုဆိုရင်တော့ အားကိုးရတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေး ၂ ယောက်ရယ်ကို ပိုင်ဆိုင်ထား တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က