AD
AD
AD
play
Photo : ဆောင်းဦးလှိုင်

 

အဆိုတော် ဆောင်ဦးလှိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဟက်ဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။ Friends  900 ပဲ ရှိတဲ့ အကောင့် ကို ဟက်နေကြတာကြောင့် ဘာလုပ်ကြဖို့လဲဆိုပြီး အဆိုတော် ဆောင်ဦးလှိုင်က ပြန်ပြီး မေးခွန်းထုတ်ထားပါသေးတယ်။

" ကျွန်တော့် Facebook Account...” ကို Hack ဖို့ကြိုးစားနေကြပြန်ပြီ…

ဘာလုပ်ကြမှာတုန်း Friends 900 ပဲရှိတာပါဗျာ ခက်တယ်ဗျို့

ဆောင်းဦးလှိုင်…( ၂၁.၆.၂၀၁၈ )" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကလည်း ဆောင်ဦးလှိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဟက်နေကြတဲ့သတင်းကြောင့် စိတ်မကောင်းဖြစ်လို့နေပါတယ်။

play
Photo : ဆောင်းဦးလှိုင်

 

ပြည်ပမှာ နေထိုင်နေတဲ့ ဆောင်ဦးလှိုင်ဟာ ဇွန်လ(၁၇) ရက်နေ့ကလည်း စင်ကာပူမှာ ပြုလုပ်တဲ့ အမေစုမွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားကို တက်ရောက်ပေးခဲ့ပါသေးတယ်။သူနဲ့အတူ သရုပ်ဆောင်ပရဟိတမင်းသားကြီး ဦးကျော်သူလည်း တက်ရောက်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းကစပြီး လူမှုရေးအလုပ်တွေမှာ ထဲထဲဝင်ဝင်ဆောင်ရွက်နေတဲ့ ဆောင်းဦးလှိုင်ကတော့ ဂီတဖျော်ဖြေမှုတွေ သိပ်မတွေ့ရတော့ပါဘူး။ သီချင်းတွေ သီဆိုမှုနည်းသွားပေမယ့်လည်း သူကိုယ်တိုင်ရေးတဲ့ သီချင်းတွေကတော့ လက်ရှိဂီတလော ကမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတုန်းပါပဲ။

play
Photo : ဆောင်းဦးလှိုင်

 

''ဂီတအနုပညာလောမှာရှင်သန်ခဲ့ရတဲ့အတိတ်တွေတုန်းက လူငယ် လူသစ်တွေအပါအဝင် ဂီတသမားများ ကျွန်တော်နဲ့ လက်တွဲပြီး နိုင်ငံကျော် ထင်ရှား စင်ပေါ်ရောက်သွားခဲ့တာမနည်းပါဘူး။ တချို့တွေ ယနေ့ရေစီးကြောင်းထဲမှာပူပူနွေးနွေး ရှိနေဆဲပါ။ နောက်ကျော က ဓါးချက်တွေကိုပရိသတ် သိအောင်မပြောခဲ့ဖူး၊ သိပ်လည်းဂရုမစိုက်ဖြစ်ဘူးဗျာ။လူမှုရေးလောက ထဲ ၂၀၀၇ နှောင်းပိုင်းမှာ ဝါသနာအရ ထဲထဲဝင်ဝင်ရောက်သွားခဲ့တာကိုး ကြိုးစားပြင်ဆင်ခဲ့တာတွေ၊ လူမှန်းသိတတ်စအရွယ်တည်းက ကြိုးစားခဲ့သမျှ အခုအချိန်မှာ ကိုယ့်အသက် အရွယ်၊ အတွေ့အကြုံ ၊ စိတ်ဆန္ဒနဲ့ကိုက်ညီမယ့်ကိစ္စ၊ ဖြစ်သင့်တဲ့ကိစ္စတွေဘဲ လုပ်တော့တယ်။ အောင်မြင်မှုနဲ့ ငွေကြေးနောက် ကို မလိုက်ချင် တော့ဘူး။ စားဝတ်နေရေး အဆင်ပြေရင် တော်ပြီ။ လိုအပ်တဲ့လူတွေကို ကူညီနိုင်သမျှကူညီခဲ့ ကူညီနေဆဲပါ။ ဆောင်းဦးလှိုင်(၁.၆.၂၀၁၈)' ' ဆိုပြီးတော့လည်း ရေးသားထားပါသေးတယ်။

play
Photo : ဆောင်းဦးလှိုင်

 

ဆောင်းဦးလှိုင်ဟာ ၂၀၁၈ ခုနှစ် ဧပြီလ ၂ ရက်နေ့တုန်းလည်း မည်သည့် သီချင်းဆိုပြိုင်ပွဲမှာမှ သူ့ရဲ့ သီချင်းတွေကို မသုံးကြဖို့ ပြောထားသေးတယ်။ အနုပညာသမားတွေဟာ အနှိမ်ခံ ငွေနောက်လိုက် ခံယူချက်မရှိတဲ့ လူစားတွေမဟုတ်ဘူးဆိုတာ ပြောပေးကြပါဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

ဆောင်းဦးလှိုင်က လက်ရှိမှာ  ဘော်နီယိုကျွန်းတွင် နေထိုင်လျက် ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကနေ ထွက်သွားတာ လေးနှစ်လောက် ရှိပြီ ဖြစ်တဲ့ ဆောင်းဦးလှိုင်က ဇွန်လ(၂၂)ရက်နေ့က ကမ္ဘာ့စံချိန်ဆိုတဲ့ တေးစီးရီးခွေကို ထွက်ရှိထားပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD